တရုတ်ကိုယ်စားလှယ် ၏ရုရှားခရီးစဉ်အပြီး နှစ်နိုင်ငံကြားနိုင်ငံရေးယုံကြည်မှုပိုမိုမြင့်မားလာဟုတရုတ်ဆို

0
165

ရှန်ဟိုင်း၊ဖေဖော်ဝါရီ ၄

တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးမာဇေအိုဇူ၏ ရုရှားခရီးစဉ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့်တွေ့ဆုံပြီးနောက် နှစ်နိုင်ငံအကြားနိုင်ငံရေးအရယုံကြည်မှုများပိုမိုနက်ရှိုင်းလာသည်ဟု တရုတ်နိုင်ငံကစနေနေ့တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့နှစ်နိုင်ငံကြားမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်ရန်နှင့် ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရုရှားနှင့်လက်တွဲလုပ်ဆောင်သွားရန်ဆန္ဒရှိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း တရုတ်သမ္မတနှင့်ရုရှားသမ္မတတို့သည် အမေရိက၏ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန်ရည်ရွယ်လျက် မော်စကို၌မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီခဲ့ကြပြီး နှစ်နိုင်ငံအကြားအတားအဆီးမဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်းသဘောတူညီခဲ့ကြသည်။

ယခုတစ်ကြိမ်တရုတ်နှင့်ရုရှားတို့၏တွေ့ဆုံမှုတွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။တောက်လျှောက်လည်း တရုတ်သည်ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားအားဝေဖန်ပြစ်တင်ခြင်းမျိုးမပြုခဲ့ပေ။

ထို့ပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလားရော့ဗ်ကမူ တရုတ်နှင့်ရုရှားတို့၏ဆက်ဆံရေးသည် အကန့်အသတ်မရှိသကဲ့သို့  တရားဝင်စစ်ရေးမဟာမိတ်မဟုတ်သော်ငြား နှစ်နိုင်ငံကြားဆက်ဆံရေးသည် မြင့်မားကျယ်ပြန့်သောသဘောသဘာဝရှိသည်ဟုလည်း ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here