ငပလီကမ်းခြေအိမ်ရာစီမံကိန်းစတင်အကောင်အထည်ဖော်ရန် ရုရှား-မြန်မာ MoU ရေးထိုး

0
257

ရုရှား-မြန်မာချစ်ကြည်ရေးအသင်းနှင့်ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊လုပ်ငန်းရှင်များကြား ဖေ ဖော်ဝါရီ ၄ ရက်မွန်းတည့် ၁၂ နာရီက ခရီးသွားနှင့်မြန်မာ့ကော်ဖီကဏ္ဍတို့အတွက် MoU လက်မှတ်ရေးထိုးခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက ရခိုင်ပြည် နယ်သံတွဲမြို့၊ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အ ကူပြုရန် MoU လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာစီမံ ကိန်း စတင်အကောင်အထည်ဖော်ရန်လည်း MoU လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံထွက် မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရေးဆိုင်ရာကိစ္စများကိုလည်း တာဝန်ရှိသူ များကဆွေးနွေး၍ နှစ်ဖက်သဘောတူစာချုပ်  MoU လက်မှတ်ရေးထိုးခဲ့ကြသည်။

အခမ်းအနားသို့ ရုရှား-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌမစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့နှင့်အတူ ရုရှားနိုင်ငံမှ စီးပွားရေးပညာရှင်များပါ ဝင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ Treasure of Ngapali Development Co.,Ltd မှ အမှုဆောင်အရာရှိချုပ်နှင့်အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်များ၊ Shwin Pyaw Pyaw Trading Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်တာ ဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့သည် ရခိုင်ပြည်နယ်၊သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအား ခရီးစဉ်အတွင်းလေ့လာကြည့်ရှု ပြီး ဒေသခံအာဏာပိုင်အဖွဲ့အစည်းများနှင့်တာဝန်ရှိသူများအားတွေ့ဆုံကာ ရုရှား-မြန်မာခရီးသွားကဏ္ဍတိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here