တောင်ဥက္ကလာစာတိုက်မီးပွိုင့်တွင် အိမ်စီးကား ၂ စီးတိုက်၍ ၄ ဦးဒဏ်ရာရ

0
182

ရန်ကုန်တိုင်း၊တောင်ဥဥက္ကလာမြို့နယ်ရှိ တောင်ဥက္ကလာစာတိုက်မီးပွိုင့်တွင် ဖေဖော်ဝါရီ ၅ ရက် (ယနေ့)နံနက်အစောပိုင်းက အိမ်စီးကား ၂ စီးတိုက်မိခဲ့ကြောင်း မေတ္တာသီတာရေစင်လူမှုကယ် ဆယ်ရေးအသင်းမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ်၊သုမင်္ဂလာလမ်းနှင်ဘသစ္စာလမ်းထောင့်ရှိ တောင်ဥက္ကလာစာတိုက်မီးပွိုင့်တွင် SUZUKI ကားနှင့် Light Truck ကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်မိမှုကြောင့် Light Truck ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၃ ဦး(စုစုပေါင်း ၄ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

” Light Truck ကားပေါ်မှာက ဘုရားကျောင်းသွားဖို့အစောကြီးထွက်လာတဲ့လူတွေပါလာတယ် Suzuki ပေါ်မှာကြတော့ လူငယ်တွေပါတယ် အခုဒဏ်ရာရတဲ့ ၄ ယောက်လုံးက Light Truck ကားပေါ်ကပါ Suzuki ကားပေါ်ကလူတွေကတော့ဘာမှမဖြစ်ပါဘူး”ဟု မေတ္တာသီတာရေစင်လူမှုကယ် ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရသူ ၄ ဦးအား မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မေတ္တာသီတာရေစင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here