မွန်အမျိုးသားများအနေဖြင့် နိုင်ငံရေးအလှည့်အပြောင်းကြီးမားပြီး စိန်ခေါ်မှုများပြည့်နေသည့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာ လမ်းခရီးကြမ်းတွင် မဆုတ်မနစ်ကြိုးပမ်းသွားမည်ကိုယုံကြည်ဟု PPST-LC ဆို

0
284

ယနေ့ကျရောက်သည့် (၇၆)နှစ်မြောက် မွန်အမျိုး သားနေ့အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်းများငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့ ဦးဆောင်မှုကော်မတီ (PPST-LC)မှပေးပို့သည့် ဂုဏ်ပြသဝဏ်လွှာ၌ရေး သားထားခြင်းဖြစ်သည်။

မွန်အမျိုးသားများသည် အာဏာရှင်စနစ်တော် လှန်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ခြင်းနှင့်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် လမ်းညွှန်အခြေခံမူများ ရေးဆွဲရာတို့တွင် ဦး ဆောင်ဦးရွက်ပြုသည့်အခန်းကဏ္ဍမှနေ၍ ဘဝ တူညီနောင်တိုင်းရင်းသားများနှင့်လက်တွဲကာ အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သည်ဟု ဂုဏ်ပြုသဝဏ်လွှာ၌ ရေးသားထားသည်။

ယနေ့အချိန်ကာလကဲ့သို့ နိုင်ငံရေးအလှည့်အပြောင်းလွန်စွာကြီးမားပြီး စိန်ခေါ်မှုများ ပြည့်နေ သည့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာလမ်းခရီးကြမ်းတွင်လည်း မွန်အမျိုးသားများအနေဖြင့် ညီနောင်တိုင်းရင်းသားများနှင့်အတူလက်တွဲ၍ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားမည်ကို ယုံကြည်သည်ဟုလည်း ရေးသားထားသည်။

မွန်အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးအား မွန်ပြည်သစ်ပါတီကြီး(NMSP)မှ ဦးဆောင်၍ မ ဟာလူမျိုးကြီးဝါဒနှင့်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တတပ်တအားကြိုးပမ်းဆောင်ရွက်နေခြင်းကိုလည်း မှတ်တမ်းတင်သည်ဟု PPST-LC ၏ဂုဏ်ပြုသဝဏ်လွှာ၌ရေးသားထားသည်။

၁၉၄၇ ခုနှစ်တွင် မွန်ခေါင်းဆောင်များဦးဆောင်ချမှတ်ခဲ့သည့် အမျိုးသားတန်းတူရေးနှင့်ကိုယ် ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ရပိုင်ခွင့်များကိုထင်ဟပ်သည့်တောင်းဆိုချက်(၇)ရပ်သည် မွန်အမျိုးသားရေးလှုပ်ရှားမှုသမိုင်း၌ အထင်ကရ နိုင်ငံရေးမှတ် တိုင်တစ်ရပ်ဖြစ်ခဲ့သည်ဟုလည်း ဂုဏ်ပြုသဝဏ် လွှာ၌ရေးသားထားသည်။

ပုံစာ-မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့(၇၆)ကြိမ်မြောက်

မွန်အမျိုးသား‌နေ့အခမ်းအနားမြင်ကွင်း

Photo-Kamawet/Mudon Information


LEAVE A REPLY

Please enter your comment!
Please enter your name here