တရုတ်အကောက်ခွန်မူဝါဒ အပြောင်းအလဲကြောင့် ဖရဲ ၊ သခွားကားများအပါအဝင် ကုန်ကားအစီး (၅၀၀) ဝန်း ကျင် မြန်မာဘက်မှာ ပိတ်မိနေ

0
327

တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် တရုတ်နိုင်ငံဘက်အခြမ်းမှ အကောက်ခွန်စနစ် အပြောင်းအလဲများကြောင့် ကုန်တင်ယာဉ်အစီး (၅၀၀) ဝန်းကျင် ပိတ်မိနေကြောင်းမူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် တစ်ပတ်ဝန်းကျင်မှ စတင်ကာ အကောက်အခွန်စနစ် အပြောင်းအလဲများ ပြုလုပ်နေပြီး ယာဉ်ဝင်ထွက်ခွင့်ကြန့်ကြာမှုများ ဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

” ဘာလို့ ကြန့်ကြာနေလဲဆိုတော့ သူတို့မှာက ဒီနေ့လုပ်မယ်ဆိုပြီး ဒီနေ့ ချက်ချင်းကြီး စလုပ်တော့ သူတို့ Custom တွေတောင် တိုင်ပတ်နေတယ် ။ အဲဒီလိုဖြစ်နေတော့ အရင် စနစ်နဲ့ ပြန်လုပ်မယ်ဆိုပြီး ပြန်ပြောင်း ပြန်ရော ။ ပြန်ပြောင်းတော့ ကားတွေက မဝင်နိုင်ဘူးဗျာ။ အပြောင်းအလဲတွေ ဖြစ်နေတော့ အသီးကားတွေက တစ်နေ့မှ ဆယ်စီး၊ ငါးစီးလောက်ပဲ ဝင်နိုင်တယ်” ဟု မူဆယ် ၁၀၅ မိုင်မှ ကုန်သည်တစ်ဦးဖြစ်သည့် ကိုသူရမျိုးက ပြောသည်။

လက်ရှိတွင် ပိတ်မိနေသည့် ယာဉ်အစီးရေ ၅၀၀ ဝန်းကျ င်ရှိပြီး ဖရဲ ၊ သခွားအပါအဝင် သစ်သီးကားများ၊ ကြံကားများ၊ ပြောင်းကားများ ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ မြန်မာ – တရုတ် နှစ်နိုင်ငံအစိုးရအကြား ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့ကာ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍကို ပြန်လည် မြှ င့်တင်နိုင်ရန် ကြိုးစားနေရာမှ တရုတ်နိုင်ငံဘက်မှအကော က်ခွန်မူဝါဒများ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်‌ကြော င်း သိရသည်။

ယင်းကဲ့သို့ အကောက်ခွန် မူဝါဒ အပြောင်းအလဲ ပြုလုပ်သော်လည်း ကဏန်း ၊ ပုဇွန်အပါအဝင် ပုတ်သိုးလွယ်သ ည့် ပင်လယ်နှင့် ရေထွက်ကုန်ပစ္စည်းအချို့ကို ဦးစားပေးအနေဖြင့် တင်ပို့ခွင့် ပြုထားကြောင်း သိရသည်။

” အခု လွယ်လွယ်ကူကူဝင်လို့ ရတာတော့ ကဏန်းကားတွေပေါ့နော်။ သူတို့က ဘာလို့ လွယ်လွယ်ကူကူ ဝင်လို့ရလဲဆိုတော့ လျင်လျင်မြန်မြန် ဝင်လို့ရပါတယ် ။ တခြား အသီးကားတွေကတော့ အစီး ၄၀၀ ကျော် ၅၀၀ လောက် ပိတ်မိနေပါတယ် ” ဟု ကိုသူရမျိုးက ပြောသည်

လက်ရှိတွင် မြန်မာ့ ဖရဲနှင့် သခွားကို တရုတ်ဘက်မှ ဝယ် လိုအားမြင့်နေသော်လည်း တင်ပို့မှုကြန့်ကြာခြင်းကြောင့် လတ်ဆတ်မှု အားနည်းကာ ပယ်သီများ များနေကြောင်းလည်း မူဆယ်နယ်စပ် သစ်သီးပွဲရုံများထံမှ သိရသည်။

လက်ရှိတွင် ဖရဲဈေးနှုန်းအနေဖြင့် တစ်ကီလိုလျင် တရု တ်ငွေ ၃.၅ ယွမ်မှ ၅ ယွမ် ဝန်းကျင်အထိ ဈေးအစားစား ရှိပြီး သခွား‌မွှေးဈေးနှုန်းမှာ တစ်ကီလိုလျင် ၄.၅ ယွမ်မှ ၆ ယွမ် ဝန်းကျင်အထိ ဈေးပေါက်ကြောင်း သိရသည်။

ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ


LEAVE A REPLY

Please enter your comment!
Please enter your name here