ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှု(၂)လျှပ်စစ်ဓာတ်အားခွဲရုံတွင် လက်လုပ်မိုင်းပေါက်ကွဲ

0
124

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ် ကွက်ရှိ စက်မှု(၂)လျှပ်စစ်ဓာတ်အားခွဲရုံတွင် ဖေ ဖော်ဝါရီ ၄ ရက်ညပိုင်းက လက်လုပ်မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၈ နာရီခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးမှ ပြည်ကြီးတံခွန်မြို့နယ်၊(ဋ)ရပ်ကွက်၊ ၅၁ လမ်း၊ ၁၃၅ လမ်းနှင့် ၁၃၆ လမ်းကြားရှိ စက်မှု(၂)လျှပ်စစ်ဓာတ်အားခွဲရုံအတွင်းသို့ လက်လုပ်မိုင်းဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

လက်လုပ်မိုင်းသည် စက်မှု(၂)လျှပ်စစ်ဓာတ်အားခွဲရုံအတွင်းရှိ အမှတ်(၁၈ MVA )နှင့်အမှတ်(၁၅ MVA )ထရန်စဖော်မာ ၂ လုံးကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ထရန်စဖော်မာ၂ လုံးတွင် ဆီများယိုစိမ့်ခဲ့သဖြင့် တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“ကြီးကြီးမားမားပျက်စီးတာမရှိဘူး ဆီယိုစိမ့်သွားတဲ့အတွက် ပြင်ဆင်နေပါတယ် ထိခိုက်ဒဏ်ရာရတာမရှိပါဘူး လုံခြုံရေးအဖွဲ့ဝင်တွေက စုံစမ်းစစ် ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here