အာဆီယံ၏တူညီဆန္ဒ(၅)ရပ်နှင့်ပတ်သက်၍ မြန် မာနိုင်ငံ၏ ရပ်တည်ချက်၊ဆောင်ရွက်ချက်များ၊ဖြစ်ပေါ်တိုးတက်မှုများကိုရှင်းလင်းပြောကြား

0
428

အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်မှ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်၍ ရှင်း လင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအ ဝေးနှင့်အရှေ့တောင်အာရှ နျူကလီးယားလက် နက်ကင်းမဲ့ရေးဇုန်အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတို့အား ဖေဖော်ဝါရီ ၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့ရှိ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၌ အင်ဒိုနီးရှားအဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro က အစည်းအဝေးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေး၌ အာဆီယံဆိုင်ရာမြန်မာအမြဲ တမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်က အာဆီယံ၏ တူညီဆန္ဒ(၅)ရပ်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံ၏ ရပ်တည်ချက်နှင့်ဆောင်ရွက်ချက်များ၊ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုရှင်းလင်းပြောကြားပြီး အစည်းအဝေး၏ ဘာသာရပ်များ၊ခေါင်းစဉ်များကိုလည်း ပါဝင်ဆွေးနွေးခဲ့သည်။

အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအ ဝေးတွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအ ဖြစ် တာဝန်ယူစဉ်ဆောင်ရွက်မည့် ဦးစားပေးလုပ် ငန်းစဉ်များ၊အကြိမ်(၄၀)မြောက်နှင့်(၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများမှ ချမှတ်ထားရှိသောလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊အရှေ့တောင်အာရှချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးသ ဘောတူစာချုပ်(TAC)သို့ အာဆီယံပြင်ပနိုင်ငံ များမှ ပါဝင်လက်မှတ်ရေးထိုးခြင်းဆိုင်ရာကိစ္စ၊ အာဆီယံပြင်ပမိတ်ဖက်ဆက်ဆံရေး၊ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာကွန်ဗင်းရှင်း (UNCLOS)၏ နှစ်(၄၀)ပြည့်အထိမ်းအမှတ် အာဆီယံဒေသတွင်းကွန်ဖရင့်ကျင်းပခြင်းကိစ္စ၊(၁၂) ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ် နှင့်(၁၀) ကြိမ်မြောက် အာဆီယံပင်လယ်ရေ ကြောင်းတိုးချဲ့ဖိုရမ်ဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၃ ခုနှစ်အတွင်းကျင်းပမည့် အာဆီယံအစည်း အဝေးများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ် စားလှယ်ဦးအောင်မျိုးမြင့်က အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် အလုပ်အ မှုဆောင်ကော်မတီအစည်းအဝေးသို့ ထပ်မံတက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်၍ အရှေ့တောင်အာရှ နျူက လီးယားလက်နက်ကင်းမဲ့ဇုန်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကိစ္စ၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူ စာချုပ်၏ဆုံးဖြတ်ချက်များ၊အာဆီယံနှင့်လက် တင်အမေရိကနှင့်ကာရေဘီယံဒေသ နျူကလီး ယားလက်နက်တားမြစ်ရေးအေဂျင်စီတို့ကြား နား လည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်းဆောင်ရွက်ရန်အဆိုပြုချက်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here