ဝါယာရှော့ဖြစ်ရာမှ နေအိမ်တိုက်ခန်းမီးလောင်ကျွမ်းမှု မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်ဖြစ်ပွား

0
219

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊သပြေကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် ဝါယာရှော့ဖြစ်ရာမှမီးလောင်ကျွမ်းခဲ့မှု ဖေဖော်ဝါရီ ၅ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊သပြေကုန်းရပ်ကွက်၊ဗညားဒလလမ်း၊အမှတ်(၂၄)၊၄လွှာ(ညာ)နေအိမ်တိုက်ခန်းတွင် ဝါယာရှော့ဖြစ်ရာမှတဆင့်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုအား မင်္ဂလာတောင်ညွန့်မြို့နယ်မီး သတ်စခန်း၊တာမွေမြို့နယ်မီးသတ်စခန်း၊ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှမီး သတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များနှင့်ရပ်ကွက်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် နေ့လည် ၁ နာရီ ၅၀ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၁ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here