လျှပ်စစ်မော်တော်ယဉ်များအတွက် Power Station များကိုလူသုံးများသည့် လမ်းများနှင့်မြို့ကြီးများ၌တိုးချဲ့တည်ဆောက်သွားမည်

0
168

လျှပ်စစ်ဓာတ်အားလုံလောက်စွာ ထုတ်လုပ်နိုင်ပါက လျှပ်စစ်ဓာတ်အားအသုံးပြုသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကိုအသုံးပြုနိုင်မည်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားလုံလောက်စွာထုတ်လုပ်နိုင်ပါက လျှပ်စစ်ဓာတ်အားအသုံးပြုသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ်ကာ စက်သုံးဆီသုံးစွဲမှုများအား များစွာလျှော့ ချနိုင်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌများ၊ကော်မတီဝင်များ၊အသေးစား အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား ဖေဖော်ဝါရီ ၅ ရက်မွန်းလွဲပိုင်းက လှိုင်သာယာစက်မှုဇုန်၌တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ဈေးနှုန်းသက်သာသည့် မီးရထားဖြင့် သယ်ယူပို့ဆောင်ကြစေလိုသည်ဟု ဆိုသည်။

“လျှပ်စစ်ဓာတ်အားသုံးကားတွေ တင်သွင်းနိုင်ဖို့အတွက် အခွန်နှုန်းထားတွေကို လျှော့ပေါ့ပေးထားပါတယ်၊ လျှပ်စစ်ဓာတ်အားသုံးကားတွေအတွက် Power Station တွေကိုစပြီးတည်ဆောက်နေပါတယ်၊လူအသုံးများတဲ့လမ်းတွေနဲ့မြို့ကြီးတွေမှာ ထပ်ပြီးတိုးချဲ့တည်ဆောက်သွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

“နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်နေသလို လေအားသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုလည်း အကောင် အထည်ဖော်နိုင်ဖို့ဆောင်ရွက်နေပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် စက်ရုံလုပ်ငန်းဆောင်ရွက်နေသူများအနေ ဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဖြင့် လုပ်ငန်းလည်ပတ်ခြင်းများဆောင်ရွက်နိုင်ပါက များစွာအကျိုးရှိမည်ဟုလည်း နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here