နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် အသုံးပြုရာ၌ ပူးပေါင်းဆောင်ရွက်ရေး MoU ရေးထိုး

0
219

မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံကြား နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက် MoU အား ဖေဖော်ဝါရီ ၆ ရက်(ယနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၌ နစက ဥက္ကဋ္ဌရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည့် နျူးကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ၌ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းမှ Director of General, Mr.Alexey Likhachev နှင့်မြန်မာနိုင်ငံ၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ MoU လက်မှတ်အား မြန်မာ၊ရုရှား၊အင်္ဂလိပ်(၃)ဘာသာဖြင့် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here