CNG ဂတ်စ်အရည်အသွေးကောင်းမွန်စွာမရဟုဆို

0
670

ဖေဖော်ဝါရီ ၃ ရက်မှစတင်ပြီး ဂတ်စ်အရည်အသွေးကောင်းကောင်းမရသည့်အတွက် အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်းသိရသည်။

“ ၃ ရက်နေ့ကတည်းကစပြီး ဒီနေ့ထိကို ဂတ်စ်က ကောင်းကောင်းမရဘူး။ ပြောရရင် ဂတ်စ်ကမသန့်ဘူး။ ဂတ်စ်မသန့်ဘူးဆိုတာက လေကြီးပဲ ဂတ်စ်သားမပါဘူး။ တစ်ခါတန်းစီရင် ၄ နာရီလောက်ကြာတယ်။ ဂတ်စ်ဖြည့်ပြီးလို့ မောင်းရင်လည်း ၂ နာရီနဲ့ ၃ နာရီကြားပဲ ခံတယ်” ဟု အငှားယာဉ်မောင်းတစ်ဦး ကိုအောင်ကျော်ဦးက ပြောသည်။

CNG ဂတ်စ်ရရှိမှုအခက်အခဲကြောင့် အငှားယာဉ်မောင်းတွေအပြင် မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများသည်လည်း ယာဉ်အစီးရေပြည့်ဝစွာမထွက်ရှိနိုင်ခြင်းကြောင့် ခရီးသည်များအခက်ကြုံတွေ့နေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here