လွိုင်ကော်မြို့တွင် အိမ်စီးကားတစ်စီး ကားမိုင်းနင်းမိပေါက်ကွဲ၍ ၄ ဦးသေဆုံး

0
621

ကယားပြည်နယ်၊လွိုင်ကော်မြို့၊ဇရပ်ဖြူကျေးရွာလမ်းတွင် ဖေဖော်ဝါရီ ၆ ရက်(ယနေ့)မွန်းလွဲပိုင်းက အိမ်စီးကားတစ်စီး ကားမိုင်းနင်းမိပေါက်ကွဲခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီခန့်က အမျိုးသား ၆ ဦးလိုက် ပါလာသည့် Toyota Ipsum(အဖြူရောင်)ကား သည် လွိုင်ကော်မြို့မှထွက်ခွာလာစဥ် ဇရပ်ဖြူကျေးရွာအကျော်၌ ကားမိုင်းနင်းမိ၍ ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။

ကားမိုင်းပေါက်ကွဲမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၆ ဦးအနက် ကိုအောင်စိုးမိုး၊ကိုထွန်းမင်းလတ်၊ကိုစိန်မင်းနှင့်အမည်(စုံစမ်းဆဲ) အမျိုးသားတစ်ဦး(စုစုပေါင်း ၄ ဦး)တို့မှာ အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား ၂ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးသူ ၃ ယောက်ရဲ့နာမည်တွေကရပြီးပါပြီ ကျန်တဲ့တစ်ယောက်နဲ့ ဒဏ်ရာရတဲ့လူ ၂ ယောက်ကတော့ မသိရသေးဘူး ကျွန်တော်တို့ရောက်သွားတဲ့အချိန် ကားပေါ်ပါလာတဲ့ပစ္စည်းတွေကော အ လောင်းတွေကောကပြန့်ကျဲနေတာ”ဟု ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ ၃ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးနှင့်ရွှေညောင်ပင်ပရ ဟိတအသင်းမှ သေဆုံးသူတစ်ဦး၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူတစ်ဦးတို့အား လွိုင်ကော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေလွိုင်ကော်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here