မြန်မာနိုင်ငံတွင် နျူးကလီးယား အခြေခံအဆောက်အအုံကိုIAEA မူအတိုင်း တည်ဆောက်မည်

0
225

ယနေ့ ဖေဖော်ဝါရီ (၆) ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ၊သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌ နျူးကလီးယား နည်းပညာသတင်းအချက်အလက် စင်တာဖွင့်ပွဲတွင်​နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ 

“နျူးကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံကနေကျယ်ပြန့်အောင် ဆက်လက်ဆောင်ရွက်သွားပါမယ်။ ဒါ့အပြင် နျူးကလီးယားနဲ့ ဓာတ်ရောင်ခြည်နည်းပညာတွေကို ကျန်းမာရေး၊စိုက်ပျိုးရေး၊မွေးမြူရေး၊စက်မှု၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေမှာ အသုံးချနိုင်ဖို့အတွ က် နိုင်ငံရဲ့ နျူးကလီးယားအခြေခံအဆောက်အအုံတည်ဆောက်နိုင်ရေးနဲ့ပတ်သက်ပြီး နှစ်ဖက်ကျွမ်းကျင်သူတွေဆွေးနွေးရပါမယ်”ဟုဆိုသည်။ 

အဆိုပါ အဆောက်အအုံကို နျူးကလီးယားအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့်အရေးပေါ်အခြေအနေ

တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအား ဆန်းစစ်လေ့လာ၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA ၏ အချက် ၁၉ ချက်ပါ အတိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် ယနေ့ ဖွင့်လှစ်လိုက်သည့် နျူးကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာတွင်လည်း ၂၀၂၃ -၂၀၂၄ ခုနှစ်တွင်နျူးကလီးယား နည်းပညာဆိုင်ရာ အသိ ပညာပေးလုပ်ငန်းများဆောင်ရွက်သွားမည်ဟုလည်း 

နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။ 

“နျူးကလီးယား နည်းပညာဆိုင်ရာအသိပညာပြန့်ပွားရေးလုပ်ငန်းစဥ်တွေနဲ့ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဥ်တွေကိုလည်း သဘောတူညီပြီးဖြစ်ပါတယ်။ စင်တာဖွင့်ပြီးလို့ ပြည်သူလူထုက နျူးကလီးယားစွမ်းအင်နဲ့ပတ်သက်ပြီး နားလည်သဘောပေါက်လာစေဖို့ နျူးကလီးယားနည်းပညာဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို အစီအစဥ်အတိုင်းဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။ 

ယခု ဖွင့်လှစ်ခဲ့သည့် စင်တာတွင် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ကျောင်းသားများအနေဖြင့် နျူးကလီးယားစွမ်းအင်ဆိုင်ရာ ဗဟုသုတများရရှိစေမည့်အပြင် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍ၌လည်း အထောက်အကူများစွာဖြစ်ပေါ်လာမည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here