နျူကလီးယားနည်းပညာဖြင့် မြန်မာ၏ စွမ်းအင်ကဏ္ဍ၊စက်မှုလုပ်ငန်းနှင့်စီး ပွားရေးတို့တွင်များစွာအကျိုးဖြစ်ထွန်းစေမည်ဟု ROSATOM ညွှန်ချုပ်​ပြော

0
153

ယ​နေ့၌ လှိုင်မြို့နယ်တွင်ဖွင့်လှစ်လိုပ်သည့်နျူးကလီးယားနည်းပညာသတင်းအချက်အလက်စင်တာဖွင့်ပွဲတွင်ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေး ရှင်း ROSATOM State Corporations ၏ ညွှန် ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev မှနှုတ်ခွန်းဆက်စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၇၅ နှစ်ပြည့်မြောက်လာခဲ့ပြီဖြစ်သည့် ရုရှား-မြန် မာဆက်ဆံရေးသမိုင်း ကြောင်း၌ ယနေ့သည် အခန်းကဏ္ဍအသစ်တစ်ခုအား စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဟု၄င်းကမှတ်တမ်းတင်​ပြောကြားခဲ့သည်။

“နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်မှု၊စက်ရုံတည်ဆောက်ခြင်းကြောင့် သဘာဝပတ် ဝန်းကျင်၊စီးပွားရေးနဲ့ဒေသခံနယ်မြေရဲ့ လူနေမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်စေနိုင်မှုတွေကို နားလည်စေနိုင်မှာဖြစ်ပါတယ်”ဟု ညွှန် ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ကပြောသည်။

ယခုစင်တာမှရရှိမည့် အသိပညာများသည် နျူးကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှုနှင့် ပတ်သက်သည့် နည်းပညာများကို ရရှိစေရန် အထောက်အကူဖြစ်စေမည်ကို မိမိအနေဖြင့် ယုံကြည်သည်ဟု ပြောသည်။

“နျူကလီးယားနည်းပညာ အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ၊စက်မှုလုပ်ငန်းနဲ့စီးပွားရေးတွေမှာ များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ် သဘာဝသိပ္ပံ၊ပညာရေးနဲ့နည်းပညာသင်ကြားရေးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အားကောင်းတဲ့ တွန်းအားတစ်ခုဖြစ်လာမှာကိုလည်း ရည်ညွှန်းလိုပါတယ်”ဟု ညွှန်ကြားရေးမှူး ချုပ် Mr. Alexey Evgenievich Likhachev ကပြောသည်။

ထို့ပြင် နျူကလီးယားဓာတ်အားပေးစက်ရုံတည် ဆောက်ရာတွင် အရည်အချင်းပြည့်မီသည့် ကျွမ်း ကျင်ပညာရှင်များလိုအပ်မည်ဖြစ်ပြီး ပညာရှင်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း သဘောတူညီမှုရရှိထားပြီးဖြစ်သည်ဟု ပြောသည်။

“မိမိတို့အနေနဲ့ နျူကလီးယားဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ရလာဒ်နဲ့အရည်အသွေးကို စိတ်ကျေနပ်မှုရရှိစေဖို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ကဆိုသည်။

ထိုဖွင့်ပွဲပြီး​နောက်ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်၌လည်း နစကဥက္ကဌနှင့် Mr.Alexey တို့ထပ်မံ​တွေ့ဆုံ​ဆွေး​နွေးခဲ့ကြ​သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here