ယခုနှစ်ဝက်အတွင်း အမေရိကသို့တောင်ကိုရီးယားသမ္မတ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်

0
155

ဆိုးလ်၊ဖေဖော်ဝါရီ ၆

သမ္မတယွန်း‌ဆော့ယော်သည် ယခုနှစ်ဝက်အတွင်း နိုင်ငံတော်ခရီးစဉ်အဖြစ် ဝါရှင်တန်သို့သွားရောက်ရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

အကယ်၍ နိုင်ငံတော်ခရီးစဉ်ကို သွားဖြစ်ပါက ၎င်းသည် ၂၀၁၁ ခုနှစ်ကတာဝန်ထမ်း‌ဆောင်ခဲ့သော သမ္မတဟောင်းလီမြောင်ဘတ်နောက်ပိုင်း ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်သွားသည့်သမတ တစ်ဦးဖြစ်လာမည်ဖြစ်သည်။

ယင်းနောက် သမ္မတယွန်းသည် သမ္မတဟောင်းလီကဲ့သို့ပင် အမေရိကလွှတ်တော်၌ မိန့်ခွန်းပြောမပြောကိုလည်း လူအများစိတ်ဝင်စားလျက်ရှိကြသည်။

နိုင်ငံခြား ထိပ်သီးအစည်းအဝေး အမျိုးအစားများကို နိုင်ငံတော်အဆင့် ခရီးစဥ်၊ အစိုးရ ခရီးစဥ်၊အလုပ်သ‌ဘော ခရီးစဥ်နှင့် ပုဂ္ဂလိကခရီးစဉ်ဟူ၍ ခွဲခြားထားသည်။အဆိုပါခရီးစဥ်အမျိုးအစားအလိုက်လည်း သံတမန်နည်းအရကွဲပြားမှုရှိသည်။

နိုင်ငံတော်အဆင့် ခရီးစဥ်သည် အမြင့်ဆုံးဖြစ်ကာ ကြိုဆိုပွဲ၊အခမ်းအနားနှင့်အလေးပြုခြင်း၊မိန့်ခွန်းပြောကြားခြင်း၊နိုင်ငံတော်ညစာစားပွဲနှင့် အခမ်းအနားဖြင့်ပြန်လည်ပို့ဆောင်ခြင်းတို့ပါဝင်သည်။

သမ္မတယွန်း၏ နိုင်ငံတော်ခရီးစဉ်အတွင်း ၎င်းသည်အမေရိကန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်၌မိန့်ခွန်း ပြောကြားမည်ဟု မျှော်လင့်ရသည်ဟုလည်းဆိုခဲ့သည်။

Source – DT Next


LEAVE A REPLY

Please enter your comment!
Please enter your name here