CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင်(၃၂) ဆိုင်တွင် YBS ယာဉ်များကို ဓတ်ငွေ့သီးသန့်ဖြည့်တင်းပေးနိုင်ရန် စီစဉ်နေ

0
184

ရန်ကုန်တိုင်းအတွင်းရှိ CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင် (၃၂) ဆိုင်တွင် ရန်ကုန်မြိုတွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအား CNG သဘာ ဝဓာတ်ငွေ့ သီးသန့်ဖြည့်တင်းနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း YRTC ထံမှ သိရသည်။

လျှပ်စစ်မီး ပြတ်တောက်မှုနှင့် သဘာဝဓာတ်ငွေ့ဖြည့်တင်းစဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းကြောင့် YBS ယာဉ်အသုံးပြုသူ ခရီးသွားပြည်သူများနှင့် YBS ယာဉ်လိုင်းများအနေဖြင့် အခက် အခဲကြုံတွေ့နေရသည့်အတွက်  YRTC အနေဖြင့်  ယခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

” သူတိုနဲ့တော့ ညှိထားတယ်။ ကျွန်တော်တို့က တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်။ CNG ဆိုင်ပေါင်းက (၄၂) ဆိုင်ရှိတယ်။ အဲ့ဒီထဲမှာမှ (၃၂) ဆိုင်မှာ YBS ယာဉ်တွေကဖြည့်တယ်။ YBS သီးသန့်ဖြည့်တာက ဆိုင် (၂၀) လောက်ပဲရှိတယ်။ ဒါကြောင့် ကျွန်တော်တိုက (၃၂) ဆိုင်လုံးမှာ သီးသန့်ဖြည့်နိုင်ဖို့အတွက် တင်ပြထားတာပါ။ ကျန်တယ့်ကားတွေနဲ့ရောဖြည့်တော့ YBS ကားတွေအတွက်က အခက်အ ခဲရှိတယ်”ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသည့်  YBS ယာဉ်များ၏ ၂၀ ရာခိုင်နှုန်းသည် CNG ဖြည့်ချိန်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့်အတွက် ယခုလို သီးသန့်ဖြည့်တင်းနိုင်ရန် ဆောင်ရွက် ခြင်း  ဖြစ်ကြောင်းသိရသည်။

“အရင်ကဆိုရင် ဂတ်စ်တစ်ခါဖြည့်လိုက်ရင် အနည်း ဆုံးလေးငါး ကြောင်းတော့ ဆွဲရတယ်။ အခုကျတော့ နှစ်ကြောင်း သုံးကြောင်းလောက်က အများဆုံးဖြစ်နေတယ်။ မီးပြတ်တော့ ဂတ်စ်ဖြည့်ဖို့ ထိုင်စောင့်ရတာပေါ့။ အခေါက်ရေတွေက မပြည့်တော့ဘူး”ဟု လူထုမိတ်ဆွေ YBS (၉၃)ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အသုံးပြု ပြေးဆွဲနေသည့် YBS ယာဉ်အစီးရေ (၅၀၀၀) ကျော်ရှိပြီး ယာဉ်လိုင်း (၁၁၆) လိုင်း၊ ယာဉ်အစီးရေ (၃၀၀၀) ကျော်ဖြင့် ပြေးဆွဲနေပြီး ခရီးသည် (၁၃) သန်းကျော်ကိုဝန် ဆောင်မှုပေးနေကြောင်း သိရသည်။

“ အရင်က CNG တစ်ခါဖြည့်ထားရင် နေ့တစ်ဝက်လောက်ထိမောင်းလို့ရပါတယ်။ တစ်နေ့လုံးမှနှစ်ကြိမ်ပဲဖြည့်ရတယ်။ အရင်တုန်းက pressure အပြည့်ရတာ၊အခုနောက်ပိုင်း pressure မပြည့်တော့ တစ်နေ့ကို လေးကြိမ်လောက်ဖြည့်ရတယ်” ဟု CNG သဘာဝဓာတ် ငွေ့သုံး အငှားယာဉ်မောင်း ကိုအောင်ကျော်ဦးကလ ည်း ၎င်း၏ အခက်အခဲကိုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here