၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် (၉) လကျော် ကာလအတွင်း ပြည်ပသို့ ပဲတန်ချိန် ၁ ဒသမ ၃၈ သန်းကျော်တင်ပို့ထား

0
139

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ကိုးလကျော်ကာလအ တွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲတန်ချိန် ၁ ဒသမ ၃၈ သန်းကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသ န်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတွင် မတ်ပဲတင်ပို့မှုအနေဖြင့် တန်ချိန် ၅ သိန်း ၇ သောင်းကျော်နှင့် ပဲတီစိမ်း တန်ချိန် ၄ သိ န်း ၄ သောင်းကျော်ဖြင့် အများဆုံးတင်ပို့ထားကြော င်း သိရသည်။ 

ပဲမျိုးစုံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ  ၁ ဘီလီယံကျော်ရရှိထားပြီး ပင်လယ်ရေ ကြောင်းမှ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၂၁ သန်း ကျော်နှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ၁ သိန်း ၇ သော င်းကျော် တင်ပို့ထားခြင်းဖြစ်ကြောင်း စီးပွားကူးသ န်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ် လု ပ်မှုမှာတော့ ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံတင်ပို့မှုသည်လည်း အဓိကပို့ကုန်စရင်းတွင် ပါဝင်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန စရင်းဇယားများအရ သိရသည်။ 

ယခု ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှလည်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိထား ကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here