စစ်ပွဲအတွက် အဆင့်သင့်ဖြစ်နေရန် ပြင်ဆင်မှုများ တိုးမြှင့်၍  စစ်ရေးလေ့ကျင့်မှုများ တိုးချဲ့မည်ဟု ကင်ဂျုံအန်း ပြောလာ

0
166

ဆိုးလ်၊ ဖေဖော်ဝါရီ ၇

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တနင်္လာနေ့က ကျင်းပခဲ့သော အစည်းအဝေးတစ်ခုတွင် စစ်ရေးလေ့ကျင့်မှုများ တိုးချဲ့ရန်နှင့် စစ်ပွဲအတွက် အဆင်သင့်အနေအထားဖြစ်ရန် လေ့ကျင့်မှုများ ကို တိုးမြင့်လုပ်ဆောင်မည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီလ ၇ ရက် အင်္ဂါနေ့တွင် ဖော်ပြထားသည်။

ကင်မ်သည် တနင်္လာနေ့တွင် အာဏာရ အလုပ်သမားများပါတီ၏ ဗဟိုစစ်ကော်မရှင် အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပြီး အရာရှိများနှင့်အတူ ယခုနှစ်အတွက် အဓိကျသော စစ်ရေးနှင့် နိုင်ငံရေး တာဝန်များ၊ တပ်မတော်တည်ဆောက်ရေး ဦးတည်ချက်နှင့် ပတ်သက်သော ရေရှည်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ကေစီအင်န်အေ သတင်းဌာနက ပြောကြားထားသည်။

အဆိုပါ အစည်းအဝေးသည် ဗုဒ္ဓဟူးနေ့တွင် ကျရောက်မည့် မြောက်ကိုရီးယားစစ်တပ် ထူထောင်သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အတွက် စစ်ရေးပြပွဲ မပြုလုပ်မီ ထွက်ပေါ်လာခြင်းသည်။ 

စီးပွားဖြစ် ဂြိုလ်တုများမှ ဖမ်းယူထားသော ဓာတ်ပုံများသည် ပြုံယမ်း၌ မြောက်ကိုရီးယားစစ်တပ်များ အစုလိုက်လေ့ကျင့်နေသည်ကို ညွှန်ပြထားသည်။ 

တောင်ကိုရီးယားသည်လည်း မြောက်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုဆိုင်ရာ တိုးချဲ့ခြင်းနှင့် စပ်လျဉ်း၍ စောင့်ကြည့်နေကြောင်း ပြောကြားထားသည်။ 

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here