နူးယော့ခ်တွင် သေဆုံးပြီးသော အမျိးသမီးတစ်ဦး နာရေးကူညီမှုအသင်းဆီရောက်မှ အသက်ရှင်နေသည်ကို တွေ့ရ

0
139

နူးယော့ခ်ပြည်နယ်ရှိ အသက် ၈၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဘိုးဘွားရိပ်သာတစ်ခု၌ သေဆုံးပြီဟု တရားဝင် ေကြငြာပြီးနောက် သုံးနာရီအကြာတွင် အသက်ရှင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်သည် အမေရိကတွင် တစ်လအတွင်း ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယခုဖြစ်ရပ်တွင် အဆိုပါ အမျိုးသမီးအား လောင်းအိုင်းလန့်စ်ပေါ့ ဂျက်ဖာဆန်ရွာရှိ ဝါးတားစ် အက်ဂျ် ပြန်လည်ထူထောင်ရေးနှင့် ဘိုးဘွားရိပ်သာတွင် စနေနေ့ နံနက် ၁၁ နာရိ ၁၅ မိနစ်တွင် သေဆုံးကြောင်း ကြေညာခဲ့သည်ဟု ခရိုင်ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ထို့နောက် အမည်မဖော်လိုသူ အဆိုပါ အမျိုးသမီးများအား နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် နူးယော့ခ်မြို့ရှိ အိုဘီ ဒေးဗစ် နာရေးကူညီမှုအသင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ နေ့လည် ၂ နာရီ ၉ မိနစ်ခန့်လောက်မှ ထိုအမျိုးသမီး အသက်ရှုနေသည်ကို ပြန်လည်သတိထားမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ 

အိုင်အိုဝါပြည်နယ်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင်လည်း မကြာသေးမီက အလားတူ ကိစ္စရပ်မျိုး ဖြစ်ပွားခဲ့မှုကြောင့် ဒဏ်ငွေ ဒေါ်လာတစ်သောင်း ဒဏ်ရိုက်ခံခဲ့ရသည်။

အိုင်အိုဝါရှိ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးသည်လည်း သေဆုံးကြောင်း ကြေညာခဲ့ရပြီးနောက် နာရေးကူညီမှုအသင်းဆီ ပို့ဆောင်ခံရကာ ဝန်ထမ်းများက အလောင်းကို ထည့်ထားသော အိတ်ကို ဖွင့်ကြည့်မှ အမျိုးသမီးမှာ အသက်ရှင်နေပြီး အသက်ရှုရန် ရုန်းကန်နေသည်ကို တွေ့ရှိခဲ့ရကြောင်း နူးယောက်ခ်တိုင်းမ် သတင်းဌာနက ဖော်ပြထားသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here