သဘောတူညီချက်စည်းမျဉ်းများ အကျိုးရှိနေသရွေ့ မည်သည့်နေရာမှ ရေနံကိုမဆို ဝယ်ယူသွားမည်ဟု အိန္ဒိယဆို

0
154

ဝယ်ယူရောင်းချရေးဆိုင်ရာ သဘောတူညီချက်များချုပ်ဆိုရာတွင် စည်းကမ်းစည်းမျဉ်းများက အကျိုးရှိနေသရွေ့ အိန္ဒိယနိုင်ငံအနေဖြင့် မည်သည့်နေရာမှ ရောင်းချသည့် ရေနံကိုမဆို တိုင်းပြည်၏ စွမ်းအင်ဖူလုံရေးအတွက် ဝယ်ယူသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ စွမ်းအင်ဝန်ကြီးက CNBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့တတိယအကြီးဆုံး ရေနံသုံးစွဲသူဖြစ်ပြီး  အိန္ဒိယနိုင်ငံ စွမ်းအင်ဝန်ကြီးHardeep Singh Puri ၏ အဆိုအရ ကမ္ဘာလုံးဆိုင်ရာသုံးစွဲမှု၏ ၃၀ရာခိုင်နှုန်းမျှရှိသည်။

“နေရာတိုင်းမှ၊ အကျိုးရှိသော စည်းကမ်းချက်များ ရရှိရန်အတွက် ကျွန်တော်တို့ဈေးကွက်ကို အသုံးချနိုင်မည်ဟု ယုံကြည်ပါတယ်” ဟု ဝန်ကြီးက CNBC ၏ အိန္ဒိယစွမ်းအင်ကဏ္ဍအကြောင်းတစ်စိတ်တစ်ပိုင်းကို “Squawk Box Europe” အစီအစဉ်တွင် ယနေ့ ပြောကြားခဲ့သည်။ 

“ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ထောက်ပံ့တာကြောင့် ပထဝီနိုင်ငံရေး မတည်မငြိမ်ဖြစ်လာတာ ဒါမှမဟုတ် ကပ်ရောဂါတွေဖြစ်လာတာမျိုးတွေကိုတော့ ခွင့်ပြုမှာမဟုတ်ပါဘူး”ဟုလည်း ဝန်ကြီးကပြောကြားသည်။

ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံ၏ ဝင်ငွေကို ဖြတ်တောက်ရန် အနောက်နိုင်ငံများက ရုရှားအားအရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက် အိန္ဒိယသည် ရုရှားရေနံကို လျှော့ဈေးဖြင့် ဝယ်ယူခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here