ကာကွယ်ရေးမြှင့်တင်သည့်အနေဖြင့်အိန္ဒိယ၌ နိုင်ငံ၏ အကြီးဆုံး ရဟတ်ယာဉ်စက်ရုံဖွင့်လှစ်

0
190

ဘန်ဂလာရု၊ဖေဖော်ဝါရီ ၇

တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော ခိုင်မာအားကောင်းမှုကိုတန်ပြန်ရန် ကာကွယ်ရေး ကို တွန်းအားပေးသည့် အ နေဖြင့် တစ်နှစ်လျှင် အနည်းဆုံး လေယာဉ်အစင်းရေ ၁,၀၀၀ ထုတ်လုပ်နိုင်သည့် နိုင်ငံ၏အကြီးဆုံးရဟတ်ယာဉ်စက်ရုံကို ဖေဖော်ဝါရီ ၆ ရက်‌နေ့၌ အိန္ဒိယကထုတ်ဖော်ပြသခဲ့သည်။

ထို့ပြင်နူးဒေလီသည် ၎င်း၏ ပထဝီနိုင်ငံရေး ပြိုင်ဘက်ကိုစောင့်ကြည့်ကာ နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးလိုက်ကြောင်းလည်း ပြီးခဲ့သည့် သီတင်းပတ်ကကြေငြာခဲ့သည်။

အိန္ဒိယသည် ကမ္ဘာပေါ်ရှိ လက်နက်တင်သွင်းသည့်နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ပြီး ဒေသတွင်း ကာကွယ်ရေးဆိုင်ရာထုတ်လုပ်မှုကို တွန်းအားပေးခဲ့သော်လည်း ၎င်း၏အကြီးဆုံးစစ်ဘက်ဆိုင်ရာ ထောက်ပံ့သူဖြစ်သည့် မော်စကိုမှဟာ့ဒ်ဝဲများကို မှီခိုနေရဆဲဖြစ်သည်။

အာရှအကြီးဆုံးရဟတ်ယာဉ်စက်ရုံအနေဖြင့် အိန္ဒိယက ဒီဇိုင်း ပုံထုတ်၍ တီထွင်ထုတ်လုပ်ထားသော Light Utility ရဟတ်ယာဉ်များကို ကနဦးထုတ်လုပ်မည်ဖြစ်ပြီး အခြားဘက်စုံသုံးရဟတ်ယာဉ်များ ကို ပါ ထုတ်လုပ်မည်ဟုလည်းဆိုသည်။

အိန္ဒိယသမုဒ္ဒရာအတွင်း၌ ပေကျင်း၏ အင်အား ကြီးမားလာနေမှုကို တန်ပြန်ရန်ကြိုးပမ်းမှု၏ သိသာထင်ရှားသောခြေလှမ်းတစ်ခုအနေဖြင့် အိန္ဒိယသည် ၎င်း၏ ပထမဆုံးပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘော တစီး ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပွဲထုတ်ခဲ့သေးသည်။

အိန္ဒိယသည် စစ်ပွဲများဆင်နွှဲခဲ့ရပြီး နျူလက်နက်ပိုင်ဆိုင်သော အဓိကပြိုင်ဘက်အိမ်နီးချင်းပါကစ္စတန်နှင့်သာမက တရုတ်နိုင်ငံနှင့်လည်းကာလရှည်ကြာ နယ်နိမိတ်အငြင်းပွားမှုများရှိခဲ့သည့်အတွက် ကာကွယ်ရေးကိုအလေးထားဆောင်ရွက်နေခြင်းဖြစ်သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here