ရပ်နားထားသည့် စက္ကူစက်ရုံများပြည်လည်လည်ပတ်နိုင်ပါက စက္ကူအတွက်အသုံးပြုနေရသည့် နိုင်ငံခြားငွေအသုံးပြုမှုကိုလျှော့ချနိုင်မည်

0
221

စက်မှုဝန်ကြီးဌာန၊အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့်သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့အား ပြည်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ ဖေဖော်ဝါရီ ၇ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်ရှိ စက်မှုဝန်ကြီး ဌာန၊အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့်သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့အား သွားရောက်ကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ် သည်။

တိုင်းပြည်အတွက် စက္ကူ လိုအပ်ချက်များစွာရှိနေပြီး နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ကျောင်းသုံး၊သတင်းစာစသည်တို့ကို ပြည်ပမှတင်သွင်းအသုံးပြုနေရသည်။

စက္ကူစက်ရုံများပြန်လည်လည်ပတ်နိုင်ရန် ကုန်ကြမ်းအနေဖြင့် ဝါး၊သစ်တို့လိုအပ်မည်ဖြစ်သလို စက်လည်ပတ်နိုင်ရန် စွမ်းအင်လိုအပ်မည်ဖြစ်ကာ စက်ရုံပြန်လည်ပြုပြင်ပြီးချိန်တွင် ထပ်မံတိုးချဲ့နိုင်ရန်လည်း ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“ကုန်ကြမ်းလိုအပ်ချက်ဖြစ်တဲ့ သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းတွေကိုလည်း စိုက်ပျိုးရမှာဖြစ်ပါတယ် ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းမှာလည်း ပျော့ဖတ်တွေကိုထုတ်လုပ်လို့ ရနိုင်မှာဖြစ်သလို စက္ကူစက်ရုံကို ဆက်ပြီးပို့ဆောင်နိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

စက္ကူစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားအတွက်ဆောင်ရွက်ခြင်းဖြစ်၍ တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

စက္ကူစက်ရုံများပြန်လည်လည်ပတ်နိုင်ပါက စက္ကူလိုအပ်ချက်များအတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံခြားငွေအသုံးပြုမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်၍ စက်ရုံများအမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရန်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌက တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် စက်ရုံဝန်းအတွင်းရှိ ပျော့ဖတ်ထုတ်လုပ်ရေးစက်ရုံခွဲ(Pulping Plant)၊ တန်(၅၀)စက္ကူစက်ရုံ၊တန်(၆၀)သတင်းစာ စက္ကူစက်ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌအား စက်ရုံအစည်းအဝေးခန်းမတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန၊အမှတ်(၃)အ ကြီးစားစက်မှုလုပ်ငန်းညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီနှင့်မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒု- ဗိုလ်ချုပ်ကြီးညိုစောတို့က သက်ဆိုင်ရာကဏ္ဍအ လိုက် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here