အထည်ချုပ်ကဏ္ဍသို့ တရုတ်ရင်းနှီးမှုအများဆုံးဝင်ရောက်

0
271

​မြန်မာနိုင်ငံအတွင်း CMP စနစ်နှင့် လုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြင့် ဝင်ရောက်လုပ်ကိုင်နေကြကြောင်း သိရသည်။

ယင်းအ​ပြင် တရုတ်(တိုင်ပေ)၊ ထိုင်း၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှလည်း ရင်းနှီးမြှုပ်နှံထားကြောင်း စာရင်းများအရ သိရသည်။

အများစုသည် အထည်ချုပ်လုပ်ငန်းဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ (၅၀၅) ရုံအထိ ရှိကာ ဖိနပ်ချုပ်လုပ်ငန်း (၄၈) ရုံ၊ ဆံပင်တုလုပ်ငန်း (၈) ရုံ၊ အခြားအိတ်ချုပ်လုပ်ငန်း၊ အားကစားဝတ်စုံ၊ အားကစားဖိနပ်နှင့် ခြေအိတ်ချုပ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေသည့် စက်ရုံ/အလုပ်ရုံ (၁၇၇) ရုံ ရှိသည်။

မြန်မာနိုင်ငံမှ CMP လက်ခစား ချုပ်ပြီး အထည်များ ​ပြည်ပတင်ပို့မှုကနေ ယခုဘဏ္ဍာနှစ်၏ (၁၀) လအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံကျော် ၄ ဒသမ ၄ ဘီလီယံကျော်ရရှိထားကြောင်း စာရင်းများအရ သိရသည်။

စာရင်းများအရ ဧပြီလတွင် ကန်ဒေါ်လာ (၁၈၅) သန်း၊ မေလတွင် ကန်ဒေါ်လာ (၃၈၄) သန်း၊ ဇွန်လတွင် ကန်ဒေါ်လာသန်း (၆၁၀)၊ ဇူလိုင်လတွင် ကန်ဒေါ်လာ (၆၃၆) သန်း၊ ဩဂုတ်လတွင် ကန်ဒေါ်လာ (၆၆၂) သန်း၊ စက်တင်ဘာလတွင် ကန်ဒေါ်လာသန်း (၅၀၀)၊ အောက်တိုဘာလတွင် ကန်ဒေါ်လာ (၃၆၄) သန်း၊ နိုဝင်ဘာလတွင် ကန်ဒေါ်လာ (၃၆၆) သန်း၊ ဒီဇင်ဘာလတွင် ကန်ဒေါ်လာသန်း (၃၆၀)နှင့် ယခုနှစ် ဇန်နဝါရီလ ၂၇ ရက်အထိဒေါ်လာသန်း (၃၆၀) ပို့ကုန်ဝင်ငွေ ရရှိထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here