ယူကရိန်းစစ်အားနမူနာယူလျက် ထိုင်ဝမ်အနေဖြင့် ဒရုန်းတည် ဆောက် ထုတ်လုပ်မှုကိုဦးစားပေးမည်ဟုဆို

0
166

တိုင်ပေ၊ဖေဖော်ဝါရီ ၇

တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများရှိနေချိန်တွင် ယူကရိန်းဖြစ်စဉ်နှင့်စစ်ပွဲအခြေအနေအားနမူနာယူ၍ ထိုင်ဝမ်အနေဖြင့် စစ်သုံးဒရုန်းများ တည်ဆောက် ထုတ်လုပ်ရေး ကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ရုရှား – ယူကရိန်းစစ်၌ ဒရုန်းများသည်နှစ်ဖက်စလုံးအတွက် အရေးကြီးသောကဏ္ဍမှပါဝင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့ရပြီး ဒရုန်းများ သည် ခေတ်မီစစ်ပွဲ၏ အနာဂတ်ဖြစ်လာမည်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

ပေကျင်း၏အုပ်ချုပ်မှုအားလက်ခံရန် ဖိအားပေးခံနေရသည့်ထိုင်ဝမ်သည် ယူကရိန်းစစ် ကို အနီးကပ်စောင့်ကြည့်လေ့လာနေပြီး အင်အားသာလွန်သောတစ်ဖက်ရန်သူ ကို ယူကရိန်း က မည်သို့တုံ့ပြန်သည်ကို လေ့လာနေပြီး တရုတ်နှင့်ရင်ဆိုင်လာရပါက အဆိုပါအတွေ့အကြုံများကို အသုံးပြုနိုင်ရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ မစ္စတာဆန်းလီဖန်သည် ထိုင်ဝမ်အနေဖြင့် ဒရုန်း ထုတ်လုပ်မှုကို မြှင့်တင်လျက်ရှိကြောင်းလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here