တုကီယေးငလျင်ကယ်ဆယ်ရေးလုပ်ငန်းအတွက် စင်္ကာပူမှကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ကာ စင်္ကာပူဒေါ်လာတစ်သိန်းလှူဒါန်း

0
184

စင်္ကာပူ၊ဖေဖော်ဝါရီ ၇

စင်္ကာပူအရပ်ဘက်ကာကွယ်ရေးအဖွဲ့သည် လူပေါင်းထောင်ချီသေဆုံးခဲ့ရသော တုကီယေးငလျင်အပြီး၌ လူသားချင်းစာနာထောက်ထားမှုအကူအညီတောင်းခံခြင်းအား တုံ့ပြန်သည့်အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန် တုကီယေးသို့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့အား စေလွှတ်မည်ဖြစ်ကြောင်းသိရသည်။

သဘာဝဘေးကူညီရေးနှင့် ကယ်ဆယ်ရေးအဖွဲ့မှအရာရှိများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ဝင်အယောက် ၂၀ ပါဝင်သည့် ရှေ့ပြေးအဖွဲ့အား ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့်ဆရာဝန်တစ်ဦး ဦးဆောင်လျက် ၂၄ နာရီအတွင်းစေလွှတ်မည်ဟု ၎င်းအဖွဲ့၏လူမှုကွန်ရက်စာမျက်နှာ၌ရေးသားဖော်ပြထားသည်။

အခြားကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ ထပ်တိုးအစီအစဉ်များကိုလည်း ရလျှင်ရချင်း SCDF က ပေးပို့ထောက်ပံ့သွားမည်ဟုလည်းရေးသားထားသည်။တုကီယေးနှင့်ဆီးရီးယား၌ ငလျင်ကြောင့်သေဆုံးသူသည် လက်ရှိအချိန်၌ ၅,၀၀၀ ကျော်သို့ရောက်ရှိနေပြီဖြစ်သည်။ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်သဖြင့် သေဆုံးနှုန်းလည်းထပ်တိုးလာနိုင်သေးသည်ဟုသိရသည်။

ယင်းအပြင် စင်္ကာပူကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌အသုံးပြုရန် တုကီယေးကယ်ဆယ်ရေးအသင်းနှင့် ဆီးရီးယားကယ်ဆယ်ရေးအသင်းတို့အား စင်္ကာပူဒေါ်လာ ၅၀,၀၀၀ စီလှူဒါန်းပေးခဲ့ပြီး စုစုပေါင်းစင်္ကာပူဒေါ်လာ ၁၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်းလည်းသိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here