မိုးညှင်းမြို့တွင် Express ခရီးသည်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၂၇ ကီလို ဖမ်းဆီးရမိ

0
230

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် Express ခရီးသည်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၂၇ ကီလို ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မန္တလေးမှ မြစ်ကြီးနားသို့ ကျော်စိုး မောင်းနှင်ပြီး မျိုးမင်းသန့် လိုက်ပါလာသည့် Express ခရီးသည်တင်မော်တော်ယာဉ်ကို ရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ပလတ်စတစ်ဆပ်ပြာခွက်(၁၇၂၇)ခွက်အတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၂၇ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် ဘိန်းဖြူများအား ရှမ်းပြည်နယ် မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အားဥပဒေအရအရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here