အဖွဲ့အစည်းနှင့် အမျိုးသားရေးကို ထိပါးလားလျင် လက်တုန့်ပြန်ရန် အသင့်ရှိကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြော

0
272

RCSS အနေဖြင့် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကိုရွေးချယ်ထားပြီး အဖွဲ့အစည်းနှင့် အမျိုးသားရေးကို ထိပါးစော်ကားလာပါက လက်တုန့်ပြန်ရန် အသင့်အနေအထားရှိကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားလိုက်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ (RCSS)ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ဖေဖော်ဝါရီ (၇) ရက်နံနက်ပိုင်းက ကျင်းပခဲ့သည့် (၇၆) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့ RCSS ဟာ တွေ့ဆုံဆွေးနွေးခြင်းလမ်းစဉ်ကို ရှေးရှူ့ရွေးချယ်ထားပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းလမ်းစဉ်ကို ရွေးချယ်ထားတဲ့အတွက် မိမိတို့အဖွဲ့အစည်းနဲ့ အမျိုးသားရေးကို ထိပါးစော်ကားလာရင် ပြန်လည်လက်တုန့်ပြန်ဖို့ အသင့်ရှိနေပါတယ်”ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောကြားခဲ့သည်။

ထို့အပြင် RCSS သည် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနှင့်တွေ့ဆုံဆွေးနွေးရန်ရည်ရွယ်ချက်ရှိကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့တွေ့ဆုံဆွေးနွေးမှသာ ပြဿနာများအား ဖြေရှင်းနိုင်မည်ဖြစ်ကာ အင်အားများသုံးကာ ပြဿနာများဖြေရှင်းနေလျှင် ပြဿနာများ ပိုမိုပြင်းထန်လာရန်သာရှိသည်ဟုလည်း ပြောကြားခဲ့သည်။

(၇၆)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားတွင် နစက ၊ NCA-S EAO ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊မွန်ပြည်သစ်ပါတီ(MNSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)တို့မှပေးပို့သည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြသည်။

ထို့ပြင် RCSS အတွင်းရေးမှူး(၁)ဗိုလ်မှူးကြီးစိုင်းငင်းနှင့်အတွင်းရေးမှူး(၂) ဗိုလ်မှူးခမ်းစံ တို့က (၇၆)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့နှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာသည့် RCSS ၏ ထုတ်ပြန်ကြေညာချက်အားဖတ်ကြားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here