(၇၆)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ ပြခန်းများနှင့်ဈေးရောင်းပွဲတော်ကျင်းပမည်

0
235

ရန်ကုန်မြို့၊ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြခန်းများနှင့်စျေးရောင်းပွဲတော်အား ဖျော်ဖြေမှုများနှင့်အတူ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနပြခန်းများ၊နေပြည်တော်၊တိုင်းနှင့်ပြည်နယ်များ၏ အသေးစား၊အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းပြခန်းများနှင့်တိုင်းရင်းသားရိုးရာအစားအစာများအား ခင်းကျင်းရောင်းချမည့်ဆိုင်ခန်းများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်၊တိုင်းနှင့်ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာယဉ် ကျေးမှု၊ဝတ်စားဆင်ယင်မှု၊ဒေသထွက်ကုန်များနှင့်တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်း ၁၅ ခန်း၊ နေပြည်တော်၊တိုင်းနှင့်ပြည်နယ်အတွင်းရှိ စက်မှုဇုန်များမှ MSME ထုတ်ကုန်များအရောင်းပြခန်း ၃၅၆ ခန်းတို့ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ပြခန်းများနှင့်စျေးရောင်းပွဲတော်အား ဖေဖော်ဝါ ရီ ၁၀ ရက်မှ ၁၄ ရက်အထိ ၅ ရက်တိုင် နေ့စဉ်နံနက် ၉ နာရီမှည ၁၀ နာရီခွဲအထိ တိုင်းရင်းသားရိုးရာအကများ၊မျိုးဆက်သစ်အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှလည်း တစ်ဦးလျှင်အဝစား ၅၀၀ ကျပ်၊ ၈၀၀ ကျပ်နှုန်းထားများဖြင့် တန်ဖိုးသင့်ထမင်းနှင့်ဟင်းအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပုံစာ -ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တန်ဆောင်တိုင်ပွဲတော်နှင့်စျေးရောင်းပွဲတော် ကျင်းပခဲ့သည့်ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here