တုကီယေးနှင့်ဆီးရီးယားငလျင်သည် လူပေါင်း ၂၃ သန်းအား ထိခိုက်နိုင်သည်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆို

0
138

ဂျီနီဗာ၊ဖေဖော်ဝါရီ ၇

တုကီယေးနှင့်ဆီးရီးယားတို့၌ လှုပ်ခတ်ခဲ့သောငလျင်ကြောင့် လူထောင်ချီသေဆုံးခဲ့ပြီး နောက်ဆက်တွဲဆိုးကျိုးကြောင့် လူပေါင်း ၂၃ သန်းအထိ ခံစားရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့ပြီး အဆိုပါသဘာဝဘေးအတွက် အကူအညီများထောက်ပံ့ပေးအပ်ရန်လည်း ကတိပြုပြောကြားခဲ့သည်။

အဓိကအားဖြင့်ငလျင်ဒဏ်ကြောင့် တုကီယေးနှင့်ဆီးရီးယားအနောက်မြောက်ပိုင်းဒေသများ၌ အများပြည်သူအခြေခံအဆောက်အဦနှင့်ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦများလည်း ပျက်စီးခဲ့ရကြောင်းသိရှိရသည်။

တူကီယေးနှင့်ဆီးရီးယားရှိကယ်ဆယ်ရေးသမားများသည် အအေးဒဏ်ကိုအံတုကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြရပြီး လူပေါင်းငါးထောင်ကျော်သေဆုံးခဲ့ရသည့် ငလျင်ဒဏ်သင့်အဆောက်အအုံ အပျက်များအောက်မှ ပိတ်မိနေသူများကို ကြိုးစားပမ်းစား ကယ်တင်နေကြရသည်ဟုလည်းဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်ဆေးဝါးအကူအညီအဖွဲ့ကိုလည်း စေလွှတ်သွားမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများနှင့် ထိခိုက်လွယ်သူများအား ကူညီစောင့်ရှောက် ကုသမှုပေးသွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ယင်းနောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ၎င်းတို့အနေဖြင့် ယခုလိုအရေးကြီးသောအချိန်ကာလ၌ သဘာဝဘေးသင့်သော နိုင်ငံနှစ်နိုင်ငံလုံး၏ အာဏာပိုင်များအားပံ့ပိုးကူညီရန် မိမိတို့၏မိတ်ဖက်များနှင့်နီးကပ်စွာလုပ်ဆောင်သွားမည်ဖြစ်ပြီး လာမည့်လများနှင့်နှစ်များ၌လည်း နှစ်နိုင်ငံလုံး၏ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပံ့ပိုးပေးသွားမည်ဟုကတိပြုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here