အမေရိကန်သံရုံးအား ယူကရိန်းအရေးနှင့် ပတ်သက်၍ သတင်းအမှား မလွင့်ရန်နှင့် အမေရိကန် သံတမန်များအား နိုင်ငံမှနှင်ထုတ်မည်ဟု ရုရှား ခြိမ်းခြောက်

0
158

ရုရှားသည် မော်စကိုရှိ အမေရိကန်သံရုံးအား ယူကရိန်းအရေးအခင်းနှင့် ပတ်သက်၍ သတင်းအတုများ ဖြန့်ဝေခြင်းကို ရပ်တန့်ရန် တောင်းဆိုထားပြီး အမေရိကန် သံတမန်များကို နှင်ထုတ်မည်ဟု သတိပေးထားကြောင်း တပ်စ်သတင်းဌာနက ဖေဖော်ဝါရီလ ၇ ရက် အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတိပေးချက်တွင် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် လင်း ထရေစီ ကိုပါ ပြင်းထန် စွာ သတိပေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝါရင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တပ်စ်သတင်းဌာနက ဖော်ပြထားသည်။

ထရေစီသည် ယူကရိန်းရှိ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ ကြေညာချက်များ ထုတ်သည့်အခါတွင် ရုရှားဥပဒေကို တင်းတင်းကျပ်ကျပ် လိုက်နာရမည်ဟု သတိပေးချက်၌  ပြောကြားထားကြောင်း သိရသည်။

ထို့ပြင် မော်စကိုဘက်က အဖျက်သဘောဆောင်သည်ဟု သတ်မှတ်ထားသော ကိစ္စရပ်များတွင် ပါဝင်ပတ်သတ်သည့် အမေရိကန်သံတမန်များကို နှင်ထုတ်မည်ဟုပါ သတိပေးထားကြောင်း တပ်စ်သတင်းဌာနက ဖော်ပြထားသည်။

အမေရိကဘက်ကလည်း ရုရှားထံမှ သတိပေးစာရရှိထားကြောင်း အတည်ပြုထားသော်လည်း မူအရ သံတမန်ရေးရာနှင့် ပတ်သက်၍ မှတ်ချက်ပေးခွင့်မရှိဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here