စစ်ပွဲများ ပိုမိုကြီးမားကျယ်ပြန့်လာမည်ကိုစိုးရိမ်ထိတ်လန့်မိဟု ကုလအတွင်း‌ရေးမှူးချုပ်ဆို

0
120

ဘာလင်၊ဖေဖော်ဝါရီ ၈

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်စ်က ယူကရိန်းစစ်ပိုမိုအရှိန်မြင့်လာသဖြင့် ကမ္ဘာကြီး၌ယခုထက်ပို၍ စစ်ပွဲများကြီးမားလာမည်ကို ၎င်းအနေဖြင့်စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ၎င်း၏ တစ်နှစ်တာဦးစားပေးအစီအစဉ်များကို ဖော်ပြခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှသံတမန်များလည်း နိုးထပြီး တက်တက်ကြွကြွ ဝိုင်းဆောင်ရွက်ရန်တောင်းဆိုခဲ့သည်။

ယူကရိန်းစစ်သည် ၎င်း၏ဦးစားပေးစာရင်းတွင် ထိပ်ဆုံးမှပါဝင်နေသော်လည်း ကုလသမဂ္ဂအကြီးအကဲက လုံခြုံရေးကိုခြိမ်းခြောက်သည့်အခြားပြဿနာများဖြစ်သော အစ္စရေးနှင့်ပါလက်စတိုင်းကြားပဋိပက္ခများ၊အာဖဂန်နစ္စတန်၊မြန်မာ၊ဆာဟယ်နှင့်ဟေတီတို့၏ပဋိပက္ခများကိုလည်းထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းဇာပိုရီရှီအာနျူစက်ရုံဘေးကင်းရေးအတွက်လည်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီမှကိုယ်စားလှယ်စေလွှတ်ကာ ရုရှားနှင့်ရောယူကရိန်းနှင့်ပါ ညှိနှိုင်းနေသည်ဟုလည်း မစ္စတာဂူတာရက်စ်ကပြောကြားခဲ့သည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here