ဗြိတိန်သို့‌ ယူကရိန်းသမ္မတ ဇလန်းစကီး ရောက်ရှိ၊ ချားလ်စ်ဘုရင်, ဝန်ကြီးချုပ် ဆူနက်ခ်တို့နှင့် တွေ့ဆုံခဲ့

0
192

ယူကရိန်းသမ္မတ ဇလန်းစကီးသည် အရေးအခင်းစပြီးနောက် သူ၏ပထမဆုံး ဗြိတိန်ခရီးစဉ်အနေဖြင့် လန်ဒန်မြို့ရှိ စတန်းဒက် လေယာဉ်ကွင်းသို့ ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာခဲ့သည်။

အဆိုပါလေယာဉ်ကွင်းသို့ ဇလန်းစကီးအား ဗြိတိန်ဝန်ကြီးချုပ် ရီရှီးဆူနက်ခ် ကိုယ်တိုင် လာရောက် ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ထို့နောက် ခေါင်းဆောင်နှစ်ဦးစလုံးသည် အမှတ် ၁၀ ဒေါင်းနင်းလမ်းဆီသို့ သွားရောက်ခဲ့သည်။

ယူကရိန်းသမ္မတသည် ဆူနက်ခ်က သူ့အား ဗြိတိန်သို့ လာရောက်ရန် ဖိတ်ကြားသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီးနောက် အရေးအခင်း စတင်ချိန်မှစ၍ ပံ့ပိုးကူညီခဲ့သောသမျှ အရာအားလုံးအတွက် ဗြိတိန်အား ကျေးဇူးတင်ကြောင်းနှင့် ဗြိတိန်သို့ လာရောက်ခွင့်ရသည့်အပေါ် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဆူနက်ခ်နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟု သူက ပြောခဲ့သည်။

ဇလန်းစကီးသည် တတိယမြောက် ချားလ်စ်ဘုရင်နှင့်မတွေ့ဆုံမီ လွှတ်တော်သို့ သွားရောက်ကာ လွှတ်တော်အမတ်များနှင့် သူကောင်းမျိုးဝင်များကို ယူကရိန်းသို့ တိုက်လေယာဉ်များ ပေးပို့ရန် ဖြောင့်ဖြခဲ့သည်။

ထို့နောက် ဇလန်းစကီးသည် ဘက်ကင်ဟမ်နန်းတော်သို့ သွားရောက်ကာ ချားလ်စ်ဘုရင်နှင့် တွေ့ဆုံခဲ့သည်။

ဇလန်းစကီး နန်းတော်သို့ ရောက်ရှိလာချိန် ချားလ်စ်ဘုရင်က ဇလန်းစကီးအား သူနှင့် သူ၏ တိုင်းပြည်အတွက် စိုးရိမ်ပူပန်နေခဲ့ကြောင်း ပြောဆိုကာ ကြိုဆိုခဲ့ပြီးနောက် ၁၈၄၄ ခန်းမတွင် နှစ်ဦးသား လက်ဖက်ရည်သောက်ကာ ယူကရိန်းအကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

Source: Sky News


LEAVE A REPLY

Please enter your comment!
Please enter your name here