လက်လုပ်မိုင်းပေါက်ကွဲ၍ အမှိုက်ကောက်နေသည့် အသက်(၁၁)နှစ်အရွယ်ကလေးငယ် ၂ ဦးသေဆုံးမှု ချောက်မြို့တွင် ဖြစ်ပွား

0
144

မကွေးတိုင်း၊ချောက်မြို့၊အမှတ်(၇)ရပ်ကွက်ရှိ အမှိုက်ပုံတွင် ဖေဖော်ဝါရီ ၈ ရက်နေ့လည်ပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လည် ၃ နာရီ ၅ မိနစ်ခန့်က ချောက်မြို့၊အမှတ်(၇)ရပ်ကွက်၊ဓာတ်မီးဂိုဒေါင်အနီးရှိ အမှိုက်ပုံတွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမှိုက်ပုံတွင် အမှိုက်ကောက်နေသည့် ရွာဟောင်းကျေးရွာနေ အသက်(၁၁)နှစ်အရွယ်ရှိသော မောင်မိုးယံကို၊မောင်ဝင်းနိုင်မင်းတို့တွင် ခါးအောက်ပိုင်းပျက်ထွက်၊ မျက်နှာမိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူကလေးငယ် ၂ ဦး၏ရုပ်အလောင်းများအား ချောက်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here