အရည်အသွေးညံ့သည့် ကြက်သွန်များ အဝင်များလာခြင်းကြောင့် ဈေးကွက်ပျက်နေဟုဆို

0
171

ဈေးကွက်အတွင်းသို့ ကြက်သွန်ကုန်ကားများအဝင်များသော်လည်း အရည်အသွေးညံ့သည့် ပစ္စည်းများနေခြင်းကြောင့် ကြက်သွန်ဈေးကွက်ပျက်နေကြောင်း ရွှေပြည့်အောင်ပွဲရုံမှ သိရသည်။

“ ကြက်သွန်ဈေးကနည်းနည်းပြန်တက်လာတယ်။ ပစ္စည်းတွေကအဝင်များတယ်။ ဒါပေမယ့် ညံ့တဲ့ပစ္စည်းတွေကများနေတော့ ဈေးကွက်ကပျက်နေတာ။ ကြက်သွန်တွေကို အခြောက်မခံဘဲ အစိုတွေချည်းတင်ပို့နေတော့ အဆင်မပြေဘူး။ ပြည်ပဝယ်လိုအားကလည်း ကျမသွားဘူး။ ပုံမှန်အတိုင်းတင်ပို့နေရပါတယ်”ဟုရွှေပြည့်အောင်ပွဲရုံမှ ကုန်သည်တစ်ဦးက ပြောသည်။

ယင်းအပြင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်‌‌
နေသော်လည်း ပုံမှန်အတိုင်း နယ်ကနေ ရန်ကုန်သို့ ကုန်ကားများ ဝင်ရောက်နေဆဲဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

မြန်မာပြည်တွင် စိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီကို ပြည်ပဝယ်လိုအားဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံမှ အဓိကဝယ်ယူနေခြင်းဖြစ်ပြီး နယ်မှ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်ကားအစီးရေသည် ယခင်က နေ့စဉ် ၂၅ စီးဝန်းကျင်ဝင်ရောက်ရာမှ ယခုလက်ရှိတွင် အစီးရေ ၅၀ ဝန်းကျင်ဝင်ရောက်နေကြောင်း သိရသည်။

တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်း (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်ကို ဝင်ရောက်နေပြီး မြိုပေါ်မှာရှိသည့် ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင်လည်း ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခွဲဝန်းကျင် ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here