တွံတေးမြို့နယ် ပရဟိတဘုန်းတော်ကြီးကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွား

0
135

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်၊ ဘုရားကြီးနယ်မြေအတွင်းရှိ ပရဟိတဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းမှာ ယနေ့ဖေဖော်ဝါရီ ၉ရက် နံနက် ၆နာရီခွဲ ဝန်းကျင်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

“တွံ့တေးမြို့နယ်၊ ဘုရားကြီးနယ်မြေက မင်္ဂလာပရဟိတဘုန်းတော်ကြီးကျောင်းပါ။ မီးကတော့ငြိမ်းသွားပါပြီ။ ဘာ့ကြောင့်လောင်တယ်ဆိုကို မီးသတ်တပ်ဖွဲ့က စစ်ချက်ယူနေကြတယ်။ လောင်တာကတော့ခဏဘဲကြာပါတယ် အများဆုံး ၁၅မိနစ်လောက်ပါဘဲ။ မီးကောင်းတော့ ကျောင်းဆောင်အပေါ်ပိုင်းတစ်ခုလုံးပျက်ဆီးသွားတယ်။” ဟု ဆိုသည်။

အဆိုပါ မီးလောင်မှုအား တွံ့တေးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ တွံ့တေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး နှင့်အတူ စိတ္တသုခကုသိုလ်ပြုအသင်းမှ ရေသယ်ယာဉ်(၂)စီး၊စိတ္တသုခအရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့နံနက်ပိုင်းတစ်ချိန်တည်းတွင်ပင် လက်ရှိအချိန်အထိ လှိုင်သာယာမြို့နယ်၊ တွံတေးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here