ယခုနှစ်အတွင်း သွေးသစ်ဝင်းလှိုင်နှင့် ပြန်လည်ထိုးသတ်ရန်ရှိသည်ဟု ထွန်းထွန်းမင်း အသိပေး

0
280

ယခုနှစ်အတွင်းမြန်မာပြည်ပထမတန်း ချန်ပီယံဘွဲ့ကိုရရှိထားသော သွေးသစ်ဝင်းလှိုင်နှင့် ပြန်လည်ထိုးသတ်ရန်ရှိနေသည်ဟု ထွန်းထွန်းမင်းက ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတဆင့် အသိပေးထားသည်။

ယင်းအသိပေးမှုကို ယမန့်နေ့ ဖေဖော်ဝါရီ ၈ ရက်က Tun Tun Min အမည်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌လည်းကောင်း ၊ Tun Min Tun အမည်ဖြင့် လူမှုကွန်ရက်စာမျက်နှာတွင်လည်းကောင်း အသိပေးရေးသားထားခြင်းဖြစ်သည်။

ထွန်းထွန်းမင်းက “ကျွန်တော်နှင့် သွေးသစ်ဝင်းလှိုင်ရဲ့ မကျေပွဲ ကြည့်ချင်သူများ ဘယ်လောက်များရှိသလဲ။စောင့်မျှော်နေတယ့် ပရိတ်သတ်များအတွက် သီတင်းကောင်းတစ်ခုက ကျွန်တော်နှင့် သွေးသစ်ဝင်းလှိုင်ပွဲကို ဒီနှစ်အတောတွင်း ပြန်လည် ကြည့်ရှုရမှာပါ။သေချာတာတစ်ခုက ဒီတစ်ခါ ကျွန်တော့်ရဲ့ ပရိတ်တွေ လုံးဝ(လုံးဝ)စိတ်မပျက်စေရပါဘူး။” ဟု အသိပေးရေးထားထားသည်။

ပြီးခဲ့သော ဇန်နဝါရီ ၂၉ ရက်က TGL#3 The Great Lethwei မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ယှဉ်ပြိုင်ထိုးသတ်ကြရာ မြန်မာပြည်ပထမတန်း ချန်ပီယံဘွဲ့ကို သွေးသစ်ဝင်းလှိုင်က ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here