တုကီယေးငလျင်ကယ်ဆယ်ရေးအတွက် ကမ္ဘောဒီးယား က ဒေါ်လာတစ်သိန်းလှူဒါန်း

0
124

ဖနွမ်းပင်၊ဖေဖော်ဝါရီ ၈

ကမ္ဘောဒီးယားအစိုးရသည် ငလျင်ဘေးသင့်တုကီယေးအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်းရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စအား ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပြီး ငလျင်ဘေးသင့်တုကီယေးအတွက် အခက်ခဲများဖြေရှင်းနိုင်ရန် ကန်ဒေါ်လာတစ်သိန်းလှူဒါန်းခဲ့ကြောင်းပြောကြားခဲ့သည်။

ယခုဖြစ်ရပ်ဆိုးအတွက် ကမ္ဘောဒီးယားအနေဖြင့် တုကီယေးအစိုးရအပါအဝင် ငလျင်ဘေးသင့်ပြည်သူများနှင့်ထပ်တူဝမ်းနည်းမိပါကြောင်းနှင့် သေဆုံးသွားသူများ၏မိသားစုများနှင့်လည်း ထပ်တူကိုယ်ချင်းစာပါကြောင်းလည်းပြောကြားခဲ့သည်။

တုကီယေးနှင့်ဆီးရီးယား၌ ဖေဖော်ဝါရီလ ၆ ရက်နေ့က အင်အား ၇ ဒသမ ၈ ရစ်ခ်တာစကေးရှိသော အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ယနေ့အထိနှစ်နိုင်ငံပေါင်းသေဆုံးသူ ၁၁,၀၀၀ ကျော်ရှိနေပြီဟုလည်းသိရသည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here