မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉) အိုမီခရွန်မျိုးကွဲအသစ် XBB .1 ကူးစက်ခံရမှု တွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်

0
331

မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉) မျိုးကွဲဖြစ်သည့် အိုမီခရွန် မျိုးကွဲသစ် ကူးစက်မှု တွေ့ရှိထားရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ (၈) ရက်တွင် ထုတ်ပြန်အသိပေးလိုက်သည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ သတိပေးချက်အရ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၆) ရက်က တွေ့ရှိခဲ့သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၁၇) ခုကို ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် အိုမီခရွန်မျိုးဗီဇပြောင်း ရောဂါပိုး BA.5 တွေ့ရှိသူ (၉) ဦးနှင့် BA.2 တွေ့ရှိသူ (၈)ဦးရှိကြောင်း သိရသည်။

အဆိုပါ အိုမီခရွန် မျိုးဗီဇပြောင်း BA.2 ရောဂါပိုးတွေ့ရှိသူ (၈) ဦးအနက် နောက်ထပ် မျိုးကွဲသစ်တစ်ခုဖြစ်သည့် XBB.1 ရောဂါပိုး တွေ့ရှိသူ (၂) ဦး ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ (၈) ရက်တွင် ထုတ်ပြန်အသိပေးလာခြင်း ဖြစ်သည်။

အဆိုပါ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ (၁၇) ဦးအနက် BA.2 ရောဂါပိုး တွေ့ရှိသူ (၃) ဦးသာ ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ကျန် BA.5 ရောဂါပိုးကူစက်ခံရသူ (၉) ဦးနှင့် XBB.1 ရောဂါ ကူးစက်ခံရသူ (၂)ဦး ၊ BA.2 ရောဂါ ကူးစက်ခံရသူ (၃) ဦးမှာ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိုမီခရွန် မျိုးဗီဇပြောင်း ကိုဗစ် (၁၉) ပိုးဟာ ထ ပ်ဆောင်း ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုလျော့နည်းကြောင်းတွေ့ရှိရသည့်အတွက် ပြည်သူလူထုအနေဖြင့် ကိုဗစ်ကာ ကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး(Booster) ထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။

လက်ရှိတွင် အဆိုပါ ရောဂါပိုးတွေ့ရှိသူများကို သတ်မှတ်ထားသည့် ကိုဗစ်စည်းကမ်းများနှင့်အညီ သီးသန့်ထားရှိကာ လိုအပ်သည့်ကုသမှုများ လုပ်ဆောင်ပေးနေပြီးကျန်း မာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ်လမှစတင်ကာ ယခုနှစ် ဖေဖော်ဝါရီလ (၈) ရက်အထိ ကိုဗစ်အတည်ပြုလူနာ (၆၃ ၃,၈၅၀) ဦး တွေ့ရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာသူ စုစု ပေါင်း (၆၁၄,၃၂၁)ဦးနှင့် သေဆုံးသူ (၁၉,၄၉၀) ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန စရင်းဇယားများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here