မြိုင်မြို့ရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မီးရှို့ဖျက်ဆီးခံရ လက်နက်ကြီးပစ်ခတ်မှုပါဖြစ်ပေါ်ခဲ့

0
290

မကွေးတိုင်း၊မြိုင်မြို့၊အမှတ်(၇)ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အား အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၈ ရက်ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ည ၁ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များသည် မြိုင်မြို့၊အမှတ်(၇)ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်သို့ရောက်ရှိလာကာ ဘဏ်အဆောက်အဦးအား မီးရှို့ဖျက်ဆီးခဲ့ကြပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုအား လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်စဥ် လက်နက်ကိုင်အဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်ကဟုတ်တယ် မီးငြှိမ်းနေတုန်း လက်နက်ကြီးနဲ့ပစ်တာ ဘဏ်နားမှာ လက်နက်ကြီးကျည်ကျပြီးပေါက်ကွဲတယ် ထိခိုက်ဒဏ်ရာရတာမရှိဘူး”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြော သည်။

မီးလောင်မှုကြောင့် ဘဏ်အဆောက်အဦးမှာ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး မီးလောင်မှုအား နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရပြီး ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here