ဂျာမန် Leopard 2 တင့်ကား ပထမတပ်ရင်း မတ်(သို့)ဧပြီတွင် ယူကရိန်းသို့ရောက်မည်ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီးဆို

0
217

အနောက်အုပ်စုများက ယူကရိန်းသို့ ပေးပို့သော Leopard 2 တိုက်ပွဲဝင်တင့်ကားများ၏ ပထမဆုံးတပ်ရင်းကို မတ်လ သို့မဟုတ် ဧပြီလတွင် ပေးအပ်နိုင်မည်ဖြစ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius က ပိုလန်မြို့တော်သို့ ခရီးထွက်စဉ် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ဒီနှစ် ပထမလေးလမှာ အနည်းဆုံး တပ်ရင်းတစ်ရင်းကို ပေးနိုင်မယ်။ တတ်နိုင်သမျှ မြန်မြန် ဆက်လုပ်ဖို့လိုတယ်” ဟု Pistorius က ပြောကြားခဲ့ပြီး၊ တပ်ရင်းတစ်ရင်းတွင် တင့်ကားအစီးရေ ၃၁ စီးခန့် ပါဝင်မည်ဖြစ်ကြောင်းကိုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပိုလန်နှင့် ဂျာမနီတို့သည် ယူကရိန်းကို ထောက်ပံ့ရန် စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့ကြသည်ဟု Pistorius က ပြောကြားပြီး Leopard 2 တင့်ကားများ ပို့ဆောင်မည့် အခြားမိတ်ဖက်နိုင်ငံများနှင့်လည်း လာမည့်သီတင်းပတ်တွင် တွေ့ဆုံရန်ကိုလည်း သဘောတူထားကြောင်းလည်း ဆိုသည်။

ယူကရိန်းထံမှ ထပ်ခါတလဲလဲ မေတ္တာရပ်ခံမှုများကို တုံ့ပြန်ပြီး အနောက်မဟာမိတ်အချို့၏ ဖိအားများ မြင့်တက်လာပြီးနောက် ဂျာမနီသည် စစ်လက်နည်ပစ္စည်းစက်ရုံများထံမှ ပြန်လည်ပြင်ဆင်မွမ်းမံထားသည့် တိုက်ပွဲဝင်တင့်ကားများကို ပေးအပ်သွားမည်ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ စက်မှုလုပ်ငန်းများမှ Leopard 1 တင့်ကား အစီးရေ အနည်းဆုံး ၁၀၀ ကို ဝယ်ယူရန်အတွက် ဒိန်းမတ်နှင့် နယ်သာလန်တိုကလည်း ရန်ပုံငွေများ စုစည်းရှာဖွေသွားမည်ဖြစ်ကြောင်း သူကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here