လပေါ်တွင် တူးဖော်ဖေါက်ခွဲမှုများပြုလုပ်ပြီး ယင်းမြေမှုန်များဖြင့် ကမ္ဘာသို့ကျရောက်သော နေရောင်ခြည်ကို မှေးမှိန်စေရန် သိပ္ပံပညာရှင်တို့ အဆိုပြု

0
356

ကမ္ဘာပေါ်တွင် ပူနွေးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် ရာသီဥတုဖောက်ပြန်မှုများလည်း ဆက်တိုက်ဖြစ်ပေါ်နေခြင်းကို လက်ရှိလုပ်ဆောင်နေမှုများဖြင့် တားဆီးရန် မလုံလောက်သဖြင့် အစီအစဉ်သစ်တစ်ရပ်ကို အာကာသသိပ္ပံပညာရှင်များက မကြာသေးမီက အဆိုပြုခဲ့ကြသည်။

ယင်းအစီအစဉ်မှာ လပေါ်တွင် တူးဖော်မှုများနှင့် ဖောက်ခွဲမှုများပြုလုပ်ပြီး၊ ယင်းမှ ထွက်လာသည့် မြေမှုန့်များအား အာကာသအတွင်းဖြန်ကြဲကာ ကမ္ဘာသို့ တိုက်ရိုက်ကျရောက်သော နေရောင်ခြည်အား ဒိုင်းတစ်ခုသဖွယ် ကာကွယ်ပေးလိုက်ခြင်းအားဖြင့် ကမ္ဘာကြီးပူနွေးမှုကို တားဆီးနိုင်ရန်ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု Utah တက္ကသိုလ်မှ သီအိုရီ ရူပဗေဒပညာရှင် Ben Bromley ကဦးဆောင်၍ သုတေသန စာတန်းတစ်ခုရေးသားခဲ့ကာ ထင်ရှားသော သိပ္ပံနှင့်နည်းပညာဂျာနယ်တစ်စောင်ဖြစ်သည့် PLOS Climate တွင် ဖော်ပြခဲ့သည်။

အဆိုပြုထားသည့် အစီအစဉ်အရ လမှတူးဖော်ထားသော ဖုန်မှုန့်တန်ချိန်သန်းပေါင်အမှုန်အမွှားများသည် ကမ္ဘာမြေမှ မိုင် ၁ သန်းခန့်အကွာ အာကာသအတွင်းတွင် ပြန့်ကျဲနေမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here