နယ်စပ်ဒေသ ကိုဗစ်စည်းမျဉ်းများအား ဖေဖော်ဝါရီ ၁၃ မှစ၍ ရုပ်သိမ်းတော့မည်ဟုစင်္ကာပူကြေငြာ

0
191

စင်္ကာပူ၊ဖေဖော်ဝါရီ ၉

စင်္ကာပူ၌ကိုဗစ်ရောဂါဆိုင်ရာသတိပေးချက်များအားလုံးကို အနိမ့်ဆုံးအဆင့်သို့လျှော့ချလိုက်တော့မည်ဖြစ်ပြီး နယ်စပ်ထိန်းချုပ်မှုအစီအစဉ်များအားလုံးကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစကာ ရုပ်သိမ်းပေးတော့မည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်းမှာ တစ်ကမ္ဘာလုံးရှိကိုဗစ်ထိန်းချုပ်နိုင်မှုအခြေအနေတိုးတက်လာခြင်းနှင့် စင်္ကာပူ၏ကျန်းမာရေးစောင့်ရှောက်မှုအပေါ်သက်ရောက်မှုရှိသည့် ကိုဗစ်အခြေအနေ လေျာ့နည်း လာခြင်းတို့ကြောင့်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

နိုင်ငံအနေဖြင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရခြင်းစသည့် ပြည်တွင်းသတ်မှတ်ချက် စည်းမျဉ်းများအားလုံးနီးပါးကိုလည်းလျှော့ချပေးတော့မည်ဟုလည်းဆိုသည်။နယ်စပ်ထိန်းချုပ်မှုအားလုံးကိုလျှော့ချလိုက်သည်နှင့် ကာကွယ်ဆေးမထိုးထားသည့်ခရီးသွားများအပါအဝင် ခရီးသွားများသည် ကိုဗစ်စစ်ဆေးမှုရလဒ်များကိုပြသရန်မလိုတော့ကြောင်းလည်းဖော်ပြထားသည်။

ယခုအချိန်၌တင်းကြပ်မှုများကိုလျှော့ချလိုက်သော်လည်း နိုင်ငံတကာအတိုင်းအတာအရ ကိုဗစ်နှင့်ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေပြန်ဖြစ်လာပါက အခြေနေများကိုပြန်လည်တင်းကြပ်မည်ဟုလည်းပြောကြားခဲ့သည်။

ကိုဗစ်စည်းမျဉ်းများဖြေလျှော့ပေးလိုက်သော်လည်း ခရီးသွားများအနေဖြင့် အသည်း ရောင်အသားဝါရောဂါ၊ကိုဗစ်မျိုးနွယ်ဝင် MERS ရောဂါနှင့်အီဘိုလာကဲ့သို့သောရောဂါများအတွက်မူ ဆက်လက်စစ်ဆေးခံရမည်ဟုလည်းဆိုခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here