ဖိလစ်ပိုင်သမ္မတသည် တိုကျို‌၌ကာကွယ်ရေးနှင့်အခြေခံအဆောက်အဦဆိုင်ရာသဘောတူညီချက်များညှိနှိုင်းခဲ့

0
226

တိုကျို၊ဖေဖော်ဝါရီ ၉

ဖိလစ်ပိုင်သမ္မတမားကို့စ်သည် တရုတ်၏စစ်ရေးဖိအားပေးမှုများလာသည်ကို တန်ပြန်သည့်အနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စများအပါအဝင် နက်ရှိုင်းသည့်ဆက်ဆံရေးကို အကောင်အထည်ဖော်ရန် ဂျပန်နှင့်ကြာသပတေးနေ့ကစာချုပ်ချုပ်ဆိုခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် စစ်ဘက်ဆိုင်ရာ ဖြန့်ကျက်မှုကိုအရှိန်မြှင့်ဆောင်ရွက်ရန်လည်းသဘောတူညီခဲ့ကြသည်။

ယင်းအပြင် အခြေခံအဆောက်အဦ၊ ချေးငွေ၊ စိုက်ပျိုးရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အခြားသောသဘောတူညီချက်များစွာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ဂျပန်သည် ဖိလစ်ပိုင်၏ အရင်းနှီးဆုံးအိမ်နီးချင်းနှင့် အရင်းနှီးဆုံးမိတ်ဆွေများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း မားကို့စ်ကသတင်းထောက်များအား ပြောကြားခဲ့သည်။

တိုကျိုနှင့်မနီလာတို့တွင်လည်း လေ့ကျင့်ရေးနှင့် အခြားစစ်ဆင်ရေးများအတွက် တပ်ဖွဲ့ဝင်များဖလှယ်ပြီးတပ်ဖြန့်ထားရန်သဘောတူညီချက်အတွက်လည်း အကြိုဆွေးနွေးမှုများလည်းရှိခဲ့သည်။

ယင်းနောက် နှစ်နိုင်ငံသည် ပို့ဆောင်ရေးရထားလမ်းစီမံကိန်းများကိုဘဏ္ဍာငွေထောက်ပံ့ရန် ကန်ဒေါ်လာ ၃ ဘီလျံအပါအဝင် ဖိလစ်ပိုင်အခြေခံအဆောက်အဦစီမံကိန်းများအတွက် ချေးငွေသဘောတူညီချက်များနှင့်တိုးချဲ့မှုများကိုပါ လက်မှတ်ရေးထိုးခဲ့သည်ဟုလည်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here