မိတ္ထီလာမြို့တွင် ကြိုးဆွဲချသေကြောင်းကြံမှု ၃ ရက်ဆက်ဖြစ်ပွား

0
275

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ကြိုးဆွဲချသေကြောင်းကြံမှု ၃ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

မိတ္ထီလာမြို့ရှိ ဝန်ဇင်းရပ်ကွက်၊ မုန်တိုင်းကျေးရွာ၊ ထမုန်ကန်ကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၇၊ ၈၊ ၉ ရက်တို့တွင် ၃ ရက်ဆက်တိုက်ကြိုးဆွဲချသေကြောင်းကြံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၀ အရွယ် အမျိုးသား ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

” သေကြောင်းကြံစည်သွားတဲ့ ၃ ယောက်လုံးက အသက် ၃၀ အရွယ်၀န်းကျင် အမျိုးသားတွေကြီးပါပဲ၊ ဘာကြောင့် ဒီလိုလုပ်သွားတယ်ဆိုတာတော့ မသိရပါဘူး ” ဟု ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

မိတ္ထီလာမြို့တွင် ယခုကဲ့သို့ သေကြောင်းကြံစည်မှုသည် ယခင်က တစ်နှစ်လျင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာဖြစ်လေ့ရှိပြီး ယခုကဲ့သိုဖြစ်စဉ်မျိုးမကြားဖူးကြောင်းနှင့် သေဆုံးအမျိုးသား ၃ ဦးလုံးအတွက် လိုအပ်သည်များ ကူညီပေးခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဓာတ်ပုံ – ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here