လှိုင်သာယာမြို့နယ်၊သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ခွဲတွင် အမျိုးသားတစ်ဦးက သေနတ်ပြခြိမ်းခြောက်၍ ဘဏ်ကောင်တာပေါ်ရှိ ငွေများအားလုယက်ယူဆောင်သွား

0
375

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ခွဲတွင် ဖေဖော်ဝါရီ ၁၀ ရက်(ယနေ့)နေ့လည်ပိုင်းက အမျိုးသားတစ်ဦးမှ သေနတ်ပြခြိမ်းခြောက်၍ ဘဏ်ကောင်တာပေါ်ရှိ ငွေများအားလုယက်ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ယနေ့နေ့လည် ၃ နာရီခန့်က အမည်မသိအမျိုးသားတစ်ဦးမှ လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ CB Bank(သီရိမင်္ဂလာ)ဘဏ်ခွဲအတွင်းသို့ ဝင်ရောက်လာကာ သေနတ်ပြခြိမ်းခြောက်၍ ဘဏ်ကောင်တာပေါ်တွင်တင်ထားသည့် ပိုက်ဆံများအားယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“သတင်းရရခြင်း သူထွက်ပြေးတဲ့လမ်းကြောင်းတစ်လျှောက်ကိုလိုက်နေပါတယ် သူက Taxi ပေါ်တက်ပြီးထွက်ပြေးသွားတယ်လို့လည်း အခင်းဖြစ်တဲ့ဘဏ်နားကလူတွေကပြောတယ် ဒါ့ကြောင့်ပိတ်ဆို့စစ်ဆေးတာတွေလည်း လုပ်နေပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြော သည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်ပွားခဲ့သည့် CB Bank(သီရိမင်္ဂလာ)ဘဏ်ရှိ CCTV မှတ်တမ်းများအား စစ်ဆေးခြင်းနှင့်ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးတို့အတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ကြားရသလောက်ဆိုရင် ၅၀၀၀ တန် သိန်း ၅၀ လောက်ပါသွားတယ်လို့သိရတယ် ဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ အတိအကျမသိရသေးဘူး ကားနဲ့ထွက်ပြေးတာဆိုတော့ ကားကအသင့်စောင့်နေတဲ့အနေအထားရှိတယ်”ဟု လှိုင်သာယာမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here