ရန်ကုန်မြို့၌ ကျင်းပ​သော ကမ္ဘာ့ပဲမျိုးစုံနေ့အခမ်းအနား သို့ အိန္ဒိယ၊ နီပေါ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှသံအမတ်များတက်​ရောက်

0
302

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း၊ India-Myanmar Chamber of Commerce၊ Overseas Agro Traders Association တို့ပူး ပေါင်း၍ ကမ္ဘာ့ပဲမျိုးစုံနေ့အခမ်းအနားအား ရန် ကုန်တိုင်း၊အလုံမြို့နယ်ရှိ Yangon International Hotel ၌ ဖေဖော်ဝါရီ ၁၀ ရက်ညနေပိုင်းကကျင်းပခဲ့သည်။

ပဲမျိုးစုံ၏အရေးပါမှု၊အကျိုးရှိမှု၊အာဟာရဖြစ်မှု၊ပဲမျိုးစုံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံများ၏ ပြည်ပပို့ကုန်အဖြစ် အားထားရသော သီးနှံဖြစ်မှုတို့ကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌဦးထွန်းလွင်၊ IMCC ဥက္ကဋ္ဌ Mr.Naresh Kumar Dinodiya၊ OATA ဥက္ကဋ္ဌ Mr. Shyam Narsaria တို့ကရှင်းလင်းပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ UMFCCI ဒု-ဥက္ကဋ္ဌ ဦးမြဟန်၊မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး၊သီရိလင်္ကာသံအမတ်ကြီး၊ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး တို့တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Vinay Kumar ကလည်း ဂုဏ်ပြုအမှတ် တရစကားပြောကြားခဲ့သည်။

ကမ္ဘာ့ပဲမျိုးစုံနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုလားပဲအိတ်တန်ချိန်များစွာအား ဘုန်းတော်ကြီးကျောင်းများ၊သီလရှင်စာသင်ကျောင်းများ၊ ပရဟိတကျောင်းများသို့ အခမ်းအနား၌ ​လှူဒါန်းခဲ့ကြသည်။ 

အာဟာရဓာတ်များစွာကြွယ်ဝပြီးအရေးပါသော သီးနှံဖြစ်သည့် ပဲမျိုးစုံကို  ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့်ပဲမှရရှိသည့် ကောင်းကျိုးများကိုသိရှိနိုင်စေရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၀ ရက်အား ကမ္ဘာ့ပဲမျိုးစုံနေ့အဖြစ်  ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံမှ သတ်မှတ်ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here