ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

0
984

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် (၂၀၀ကျပ) တန်အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအားရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

အဆိုပါ စာပို့တံဆိပ်ခေါင်းသစ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်၊ တနင်္ဂနွေနေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီး များတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်၊ (တနင်္ဂနွေနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ်( First Day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ပြီး တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး ၊  ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here