မောင်းနှင်သူ လုံးဝမပါသည့် မော်တော်ယာဉ်များ ၂၀၂၃ ပထမ နှစ်ဝက်အတွင်း တရုတ်တွင် ပြေးဆွဲနိုင်ရန်စီစဉ်နေ

0
896

ဘေဂျင်းမြို့ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်ရှိ သတ်မှတ်ထားသော လမ်းအချို့တွင် သတ်မှတ်ထားသော အချိန်အတွင်း မောင်းနှင်သူ လုံးဝမပါရှိသည့် မော်တော်ယာဉ်များ ပထမအသုတ် စမ်းသပ်မောင်းနှင်မှုကို ခွင့်ပြုအတည်ပြုလိုက်ပြီဖြစ်သည်။

ယင်းသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း ပေကျင်းမြို့ ခရီးသည်တင်ခရီးစဉ်များအတွက် မောင်းနှင်သူ လုံးဝမပါသော မော်တော်ယာဉ်များဖြင့် စီးပွားဖြစ် ပြေးဆွဲနိုင်စေရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်များတွင် မောင်းနှင်သူ မပါရှိသလို၊ အဝေးထိန်းစနစ်ဖြင့် မောင်းနှင်ခြင်းလည်းမဟုတ်ပဲ၊ ယာဉ်တွင်တပ်ဆင်ထားသော လေဆာရေဒါ ၂ခု၊ ကိုယ်ထည်တွင် တပ်ဆင်ထားသော ကင်မရာ ၁၃ စုံအပြင် အခြား အာရုံခံကိရိယာများဖြင့် အဆင့်မြင့် နည်းပညာကို အသုံးပြု၍ အလိုအလျောက်မောင်းနှင်သွားမည်ဖြစ်ကြောင်းသိရသည်။

Ref: Fully unmanned autonomous driving vehicles tested on roads in Beijing


LEAVE A REPLY

Please enter your comment!
Please enter your name here