လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ပဲမျိုးစုံထုတ်လုပ်မှု တိုးတက်လာမည်ဟု အိန္ဒိယမျှော်မှန်း၊ ပူးပေါင်းမှုများမြှင့်တင်မည်ဟုဆို

0
224

လာမည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ပဲမျိုးစုံရရှိနိုင်မှုမှ မြန်မာနိုင်ငံ၏ပဲမျိုးစုံထုတ်လုပ်မှုသည်  တိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပဲမျိုးစုံပိုမိုစိုက်ပျိုးထွက်ရှိစေရန်နှင့် ပဲမျိုးစုံအား ၂၀၂၃ ခုနှစ်အတွင်း ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး ပဲမျိုးစုံတင်သွင်းသူလုပ်ငန်းရှင်များအား လိုအပ်သည့်အကူအညီများအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပဲမျိုးစုံအသင်းအဖွဲနှင့် ပြုလုပ်သည့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းအပြင် အိန္ဒိယဗဟိုအစိုးရမှ ပဲမျိုးစုံပိုမိုစိုက်ပျိုးထွက်ရှိစေရန် တောင်သူလယ်သမားများအတွက် လိုအပ်သော အကူအညီများပံပိုးပေးမည်ဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးသို့ All India Dal ဆန်စက်အသင်း၊ အိန္ဒိယပဲမျိုးစုံနှင့်အစေ့အဆန်များအသင်းနှင့် ပြည်ပစိုက်ပျိုးရေးကုန်သည်များအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပဲတီစိမ်းနှင့် မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေရခြင်းဖြစ်သည်။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပ့ိုမှု မတ်ပဲတင်ပ့ိုမှုသည် တန်ချိန် ၅ သိန်း ၇ သောင်းကျော်နှင့် ပဲတီစိမ်းတင်ပို့မှုမှ ၄ သိန်း ၄ သောင်းကျော်ဖြင့် အများဆုံးတင်ပ့ိုထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here