ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ ဒေါ်လာငွေလဲနှုန်း မြင့်တက်စေရန် ဆောင်ရွက်နေကြောင်းတွေ့ရှိပါက အရေးယူမည်ဟု ဗဟိုဘဏ်ပြောဆို

0
197

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသည့်အတွက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

ယင်းကြောင့်ဘဏ်များမှ ထိုသို့ဆောင်ရွက်ခြင်းမရှိစေရေး ဝင်ရောက်ထိန်းကြောင်းရန်နှင့် ထိုသို့ဆောင်ရွက်နေသည့် Exporter/Importer များအား ဖော်ထုတ်ရန်၊ ဖော်ထုတ်ရရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအ​ပြင် ၎င်းတို့အားအသိပေးထားရန်နှင့် ဝင်ရောက်ထိန်းကြောင်းခြင်းမရှိသည့် ဘဏ်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များသို့ အကြောင်းကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here